Events
Khon Kaen’s နိုင်ငံတကာပိုးထည်ပွဲတော်-၂၀၂၄(Khon Kaen’s International Silk Festival -2024) ပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2024-11-11 13:31:48
ထိုင်းနိုင်ငံ၊ Khon Kaen ခရိုင်ခန်းမ၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ အထိ Khon Kaen’s နိုင်ငံတကာပိုးထည်ပွဲတော် ၂၀၂၄(Khon Kaen’s International Silk Festival-2024) ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ကုန်စည်ပြပွဲတွင် ပါဝင်ပြသရောင်းချနိုင်ရေးအတွက် မဲခေါင်ဒေသခွဲနိုင်ငံ တစ်နိုင်ငံချင်းဆီမှ လုပ်ငန်းရှင် ၂ ဦးကို ဖိတ်ကြားစေပြီး (၂.၅ x ၂ မီတာ) အကျယ်ရှိသော ပြခန်း(၂) ခန်းကို အခမဲ့ပံ့ပိုးပေးသွားမည်ဖြစ်ရာ တည်းခိုစရိတ်၊ သယ်ယူပို့ဆောင်ရေးစရိတ်နှင့် အခြားသော ကုန်ကျစရိတ်များကို လုပ်ငန်းရှင်များကိုယ်တိုင် ကျခံရမည်ဖြစ်သည်။
ယင်းကုန်စည်ပြပွဲတွင် ပါဝင်ပြသခြင်းဖြင့် မိမိနိုင်ငံ၏ ပိုးထည်နှင့် သေသပ်လှပသော ချည်ထည် ထုတ်ကုန်များကို မဲခေါင်ဒေသခွဲနိုင်ငံများနှင့် အများပြည်သူသို့ ရောင်းချနိုင်ရုံသာမက ကုန်စည်ပြပွဲ တွင် ပါဝင်ပြသလျက်ရှိသည့် ကုန်ပစ္စည်းများကိုလည်း လေ့လာနိုင်သကဲ့သို့ အနာဂတ် စီးပွားရေး လမ်းကြောင်းများအတွက် လုပ်ငန်းရှင်များအချင်းချင်း စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။
Khon Kaen’s နိုင်ငံတကာပိုးထည်ပွဲတော်-၂၀၂၄ (Khon Kaen’s International Silk Festival-2024) ပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail: event.td.myantrade @gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026