Events
2024 ASEAN- Hunan (Yongzhou) Famous and High- quality Products Trade Fair ကျင်းပပြုလုပ်မည်
Updated At: 2024-11-13 13:37:34
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူနန်ပြည်နယ်၊ ယုံကျိုးမြို့၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ 2024 ASEAN-Hunan (Yongzhou) Famous and High-quality Products Trade Fair ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါပြပွဲအတွက် အောက်ပါတို့ကိုဖော်ပြထားပါသည်-
၁။ 2024 ASEAN-Hunan (Yongzhou) Famous and High- quality Products Trade Fair ကို ယုံကျိုးမြို့နယ်အစိုးရနှင့် ဟူနန်ပြည်နယ်၊ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနတို့မှ ကြီးမှူးကျင်းပ ခြင်းဖြစ်ရာ ယခုပြပွဲသည် တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူနန်ပြည်နယ်နှင့် အာဆီယံနိုင်ငံများ အကြား စီးပွားရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုဖလှယ်ရေးတို့တွင် ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ပေးသည့် ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း၊
၂။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံနှင့် ဟူနန်ပြည်နယ်တို့အကြား မကြာသေးမီနှစ်များအတွင်း စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလာပါကြောင်း၊ ယခုကုန်စည်ပြပွဲမှတစ်ဆင့် မြန်မာနိုင်ငံနှင့် ဟူနန်ပြည်နယ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းသစ်များကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း၊
၃။ ယခုပြပွဲသည် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ ဟူနန်ပြည်နယ်၏ ဈေးကွက်အခြေအနေကို သိရှိနားလည်ပြီး ဈေးကွက်ပိုမိုဝင်ရောက်နိုင်စေရန်နှင့် ဟူနန်စီးပွားရေးလုပ်ငန်းများကို မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊
၄။ ပါဝင်ပြသသည့် ကုမ္ပဏီတစ်ခုလျှင် (လူ ၂ ဦးအတွက်) ၃ ညအိပ် ၄ ရက်စာ တည်းခိုနေထိုင် စရိတ်နှင့် ဟိုတယ်မှ ပြပွဲနေရာသို့ သွားလာမှုများကို စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ပါဝင်ပြသမည့် လုပ်ငန်းများအတွက် (၆၀) စတုရန်းမီတာ အကျယ်အဝန်းရှိသည့် ပြခန်းဆောင်တစ်ခုကို အခမဲ့စီစဉ်ပေးမည်ဖြစ်ကြောင်း၊
"2024 ASEAN-Hunan (Yongzhou) Famous and High- quality Products Trade Fair" သို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026