Events
(၁၈) ကြိမ်မြောက် အာရှဘဏ္ဍာရေးဆိုင်ရာဖိုရမ် (18th Asian Financial Forum) ကျင်းပပြုလုပ်မည်
Updated At: 2024-09-20 13:29:10
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၊ Hong Kong Convention and Exhibition Center တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၁၈) ကြိမ်မြောက် အာရှဘဏ္ဍာရေးဆိုင်ရာဖိုရမ် (18th Asian Financial Forum-AFF) ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါဖိုရမ်တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့အနေဖြင့် ပြခန်း (၁) ခန်း အခမဲ့ ပါဝင်ပြသနိုင်ကြောင်း ဟောင်ကောင်ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (HKTDC) မှ ဖိတ်ကြားလာကြောင်း သိရှိရသည်။
အဆိုပါဖိတ်ကြားစာတွင် အောက်ပါတို့ကို ဖော်ပြထားပါသည်-
၁။ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၌ နှစ်စဉ်ကျင်းပပြုလုပ်သည့် ပွဲတစ်ခုဖြစ်ပြီး အာရှဒေသဘဏ္ဍာရေးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက ရည်ရွယ်ကျင်းပသည့် Asian Financial Forum – AFF 2024 သို့ ကမ္ဘာ့နိုင်ငံ/ ဒေသပေါင်း ၅၀ ကျော်မှ လူကိုယ်တိုင် တက်ရောက်သည့် ကိုယ်စားလှယ် စုစုပေါင်း ၃,၆၀၀ ကျော် တက်ရောက်ခဲ့ကြောင်း။
၂။ ယခုနှစ်ကျင်းပပြုလုပ်မည့် AFF ကို “Powering the Next Growth Engine” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ AFF 2024 တွင် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများအတွက် ခင်းကျင်းပြသမည့် AFF ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုဇုံ (AFF Global Investment Zone-GIZ) တွင် မြန်မာကောင်စစ် ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့အနေဖြင့် ပြခန်း(၁)ခန်း အခမဲ့ပါဝင်ပြသပါရန် ဖိတ်ကြားလိုပါကြောင်း။
၃။ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့အနေဖြင့် ယခင်ဖိုရမ်များတွင် ပါဝင်ပြသခဲ့ခြင်းမရှိသည့်အတွက် ပထမဆုံးအကြိမ် ပါဝင်ပြသမှုအဖြစ် ၆ စတုရန်းမီတာရှိ (standard hospitality booth) ပြခန်း (၁) ခန်း (ပြခန်းငှားရမ်းခ အမေရိကန်ဒေါ်လာ ၅၇၀၀) အား အခမဲ့ပါဝင်ပြသခွင့်ပြုမည်ဖြစ်ပါကြောင်း။
၄။ ပြပွဲတွင် ခင်းကျင်းပြုလုပ်သွားမည့် AFF ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုဇုံ (GIZ) ၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့အား ပထမဆုံးအကြိမ်အဖြစ် အခမဲ့ပါဝင်ပြသရန် ကမ်းလှမ်းလာခြင်းဖြစ်ကြောင်း၊
၅။ ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်ကျင်းပသည့် ငွေရေးကြေးရေးဆိုင်ရာ ဖိုရမ်ဖြစ်ပြီး တရုတ်ပြည်မ၊ ဟောင်ကောင်ဒေသနှင့် ကမ္ဘာအနှံ့မှ ကိုယ်စားလှယ်များနှင့် ပါဝင်တက်ရောက်ကြပါကြောင်း။
၆။ ပြပွဲများ၌ ပါဝင်ပြသသည့် အခြားကောင်စစ်ဝန်ချုပ်ရုံး ပြခန်းများတွင် သက်ဆိုင်ရာ နိုင်ငံအလိုက် ကုန်သည်လုပ်ငန်းရှင်အဖွဲ့အစည်းများမှလည်းကောင်း၊ ကုမ္ပဏီအနေဖြင့်လည်းကောင်း မိတ်ဖက်ရှာဖွေလိုခြင်း၊ ရင်းနှီးမြှုပ်နှံမှု ရှာဖွေလိုခြင်းကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုများ ရှာဖွေလိုသည့် လုပ်ငန်းများအနေဖြင့် စီမံကိန်းများအလိုက် အသေးစိတ် ရှင်းလင်း၍ မိတ်ဖက်ရှာဖွေခြင်းများကို ပြုလုပ်လေ့ရှိကြောင်း။
၇။ မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့မှ အခမဲ့ပါဝင်ပြသခွင့်ရရှိသည့် ပြခန်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုလုပ်ငန်းများ (သို့မဟုတ်) ကုန်သည်လုပ်ငန်းရှင်များအသင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် စေလွှတ်၍ စီမံချက်အလိုက် မိတ်ဖက်နှင့်ရင်းနှီးမြှုပ်နှံမှုအတွက် ဆွေးနွေးနိုင်ပါက ပိုမိုထိရောက်စွာ ပါဝင်ခင်းကျင်းပြသနိုင်မည်ဖြစ်ပါကြောင်း။
၈။ ပြခန်း၏ နောက်ခံ (backdrop) တွင် အသုံးပြုနိုင်ရန် ဓါတ်ပုံများ (softcopy) နှင့် Banner ပံ့ပိုးပေးနိုင်ပါကြောင်း။
(၁၈) ကြိမ်မြောက် အာရှဘဏ္ဍာရေးဆိုင်ရာဖိုရမ် (18th Asian Financial Forum) တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့အနေဖြင့် အခမဲ့ ပါဝင်ပြသခွင့်ရရှိမည့် ပြခန်း (၁) ခန်းတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: event.td.myantrade@ gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025