Events
“The PULSES CONCLAVE 2025” ကျင်းပပြုလုပ်မည်
Updated At: 2024-11-19 15:48:25
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ “The PULSES CONCLAVE 2025” အား ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံမှစိတ်ဝင်စားသူများအနေဖြင့် မှတ်ပုံတင်ခြင်းများအား အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားအတွက် အောက်ပါတို့ကိုဖော်ပြထားသည်-
၁။ အိန္ဒိယနိုင်ငံ၊ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) သည် သတ္တမအကြိမ်မြောက် The Pulses Conclave 2025 ကို နယူးဒေလီမြို့ရှိ G-20 ထိပ်သီးအစည်းအဝေးကျင်းပရာနေရာဖြစ်သော Bharat Mandanpam, Pragati Maidan တွင် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊
၂။ ယခုကျင်းပပြုလုပ်မည့် သတ္တမအကြိမ်မြောက်အခမ်းအနားကို Pulses for Prosperity- Nourishment with Sustainability” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရေရှည် တည်တံ့သော စိုက်ပျိုးရေးအလေ့အထများ၊ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေးသာယာဝပြောရေးတို့တွင် ပဲမျိုးစုံ၏အရေးပါသော အခန်းကဏ္ဍများကို ဆွေးနွေးဖော်ထုတ်မည်ဖြစ်ကြောင်း၊
၃။ (၂) နှစ်တစ်ကြိမ် ကျင်းပပြုလုပ်သည့် ယခုအခမ်းအနားတွင် အဆင့်မြင့်ဆွေးနွေးပွဲများ၊ နောက်ဆုံးပေါ်စက်မှုလုပ်ငန်းအခြေအနေရှုထောင့်သစ်များနှင့် ပဲမျိုးစုံကဏ္ဍ၏ အနာဂတ်ကို ပုံဖော်ပေးနိုင်မည့် ပူးပေါင်းဆောင်ရွက်မှုအခွင့် အလမ်းများကို ဖော်ထုတ်ဆောင်ရွက်ရန်အတွက် အကောင်းဆုံးအခမ်းအနားတစ်ခုဖြစ်ကြောင်း၊
၄။ အခမ်းအနားတက်ရောက်ရန်အတွက် https://tickekting.chkdin.com/pulse-conclave တွင် မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် Patron များအတွက် အထူးမှတ်ပုံတင်ကြေးအား ရူပီး ၁၅၀၀၀ ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊
၅။ Patron မဟုတ်သည့် ပုဂ္ဂိုလ်များအတွက် အထူးမှတ်ပုံတင်ကြေးဖြင့် တက်ရောက်နိုင်ရန်နှင့် IPGA Patron များအတွက်ရရှိသည့် အခြားသော အကျိုးခံစားခွင့်များ ရရှိခံစားနိုင်စေရန်၊ IPGA ရုံးအဖွဲ့သို့ ဆက်သွယ်၍ IPGA patronship အတွက် အဖွဲ့ဝင်ကြေးပေးသွင်းဆောင်ရွက်နိုင်ကြောင်းနှင့် အခမ်းအနားဆိုင်ရာ အသေးစိတ်အချက်အလက်များကို www.ipga.co.in သို့ ဝင်ရောက်ကြည့်ရှုခြင်း (သို့မဟုတ်) [email protected] သို့ မေးမြန်းဆောင်ရွက်နိုင်ကြောင်း၊
အဆိုပါအခမ်းအနားသို့ တက်ရောက်လိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail: event.td. [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025