Events
Trang Province Online Business Matching 2024 ကျင်းပပြုလုပ်မည်
Updated At: 2024-11-26 12:42:40
ထိုင်းနိုင်ငံ၌ Trang Province Online Business Matching 2024 ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ Online Business Matching သည် ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံအကြား စီးပွားရေးဆိုင်ရာအခွင့်အလမ်းများ တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ Online စနစ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အစားအသောက်နှင့်အဖျော်ယမကာကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍများမှ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၁၃ ဦးတို့ ပါဝင်ကြမည်ဖြစ်သည်။
အထက်ပါ Trang Province Online Business Matching သို့ ပါဝင်တက်ရောက်လိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထိုင်းစီးပွားရေးသံမှူးရုံး၊ ရန်ကုန်မြို့၊ Email: [email protected] နှင့် ditpyangon@ gmail.com သို့ တိုက်ရိုက်ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါကြောင်းနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] တို့သို့လည်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026