Events
(၆၉) ကြိမ်မြောက် ခရစ်ယာန်လူငယ်အမျိုးသမီများအသင်း သံတမန်ဈေးရောင်းပွဲတော်-၂၀၂၄ ( 69th Young Women’s Christian Association Diplomatic Bazaar 2024) ကျင်းပပြုလုပ်မည်
Updated At: 2024-07-29 13:17:45
ထိုင်းနိုင်ငံ၊ ခရစ်ယာန်လူငယ်အမျိုးသမီးများအသင်းနှင့် ထိုင်းနိုင်ငံအခြေစိုက်သံရုံးများမှ သံတမန်များ ပူးပေါင်း၍ (၆၉) ကြိမ်မြောက် ခရစ်ယာန်လူငယ်အမျိုးသမီးများအသင်း သံတမန်ဈေးရောင်းပွဲတော်-၂၀၂၄ ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ Central World ဈေးဝယ်စင်တာ၏ နေရာ ၈ နေရာတွင် ပြခန်းပေါင်း ၁၈၀ ဖြင့် ဖြန့်ကျက်၍ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဈေးရောင်းပွဲတော်တွင် သံရုံးအသီးသီးက ၎င်းတို့နိုင်ငံများမှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို ပြခန်းများတွင် ပါဝင်ပြသရောင်းချကြမည်ဖြစ်သည်။ ပြခန်းများ၏ တည်နေရာနှင့် အကျယ်အဝန်းအလိုက် ထည့်ဝင်လှူဒါန်းရန် သတ်မှတ်ထားသည့်ပမာဏမှာ အနိမ့်ဆုံး ဘတ် ၂၅,၀၀၀ မှ အများဆုံး ဘတ် ၅၅,၀၀၀ ကြားဖြစ်သည်။
ပြပွဲကျင်းပမည့်နေ့ရက်များမတိုင်မီ တီဗွီချန်နယ် ၅ ခုနှင့် အသင်း၏ လူမှုကွန်ရက်တွင် ပြပွဲဆိုင်ရာ အချက်အလက်များ၊ သံရုံးတစ်ခုချင်းစီ၏ ၎င်းတို့နိုင်ငံမှ ထုတ်လုပ်သော Unique ဖြစ်သည့် ထုတ်ကုန်များကို ပြသကြော်ငြာပေးမည်ဖြစ်ရာ အဆိုပါအစီအစဉ်တွင် ပါဝင်ပြသလိုပါက ထုတ်ကုန်ပစ္စည်းများ၏ အမျိုးအမည်နှင့် အရေအတွက်များကို လျှောက်လွှာတွင် ဖြည့်စွက်၍ ပစ္စည်းများနှင့်အတူ ကြိုတင်ပေးပို့ထားနိုင်ကြောင်း သိရှိရသည်။
အထက်ပါဈေးရောင်းပွဲတော်တွင် ပါဝင်ပြသခြင်းဖြင့် မိမိတို့နိုင်ငံ၏ ထုတ်ကုန်များကို နိုင်ငံတကာ သံရုံးများနှင့် အများပြည်သူများသို့ ရောင်းချနိုင်ရုံသာမက နိုင်ငံအသီးသီးမှ ပြသလျက်ရှိသည့် ကုန်ပစ္စည်းများကိုလည်း လေ့လာနိုင်မည့်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။
(၆၉) ကြိမ်မြောက် ခရစ်ယာန်လူငယ်အမျိုးသမီများအသင်း သံတမန်ဈေးရောင်းပွဲတော်-၂၀၂၄ သို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026