ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၄ ရက်နေ့များအတွင်း တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ ဆန်၊ နှမ်း၊ ပိုးလုံးအိမ်၊ ငရုတ်သီးခြောက်နှင့် ဆန်ကွဲများ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။
လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၁၄၈၁၂၀၄ ဒဿမ ၃၂ ကန်ဒေါ်လာ ဖြစ်ပြီး၊ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏမှာ ၆၂၅၀၀၀ ဒေါ်လာဖြစ်၍ တင်ပို့ကုန်၏ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ ၂၁၀၆၂၀၄ ဒဿမ ၃၂ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။
သွင်းကုန်ပစ္စည်းများမှာ စက်နှင့် စက်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ ချည်ထည်များ၊ ဓါတုဗေဒချည်ခင်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဇာနှင့် ဇာထိုးထားသော အထည် အလိပ်များ၊ ချုပ်ပြီးအဝတ်အထည်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ သံပိုက်၊ မြက်ခင်းတု၊ ကားတာယာနှင့် အခြားပစ္စည်းများ တင်သွင်းမှုရှိခဲ့ပါသည်။ ကန်ပိုက် တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၁၂၄၀၅၉ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၃၈၆၄၈၇ ဒဿမ ၅၈ ဖြစ်၍ တင်သွင်းကုန်၏စုစုပေါင်း ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၅၁၀၅၄၆ ဒဿမ ၅၈ တင်သွင်းမှုရှိခဲ့ပါသည်။
မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် သုည ဒဿမ ၃၄၇ ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၈၈ ဒဿမ ၁၈ ကျပ်ရှိကြောင်းသိရှိရပါသည်။
မနောမြေကုန်သွယ်မှုဗဟိုဌာန