International News

ဇွန်လအတွင်း စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာသည့်အတွက် စင်ကာပူနိုင်ငံ၏ ရေကြောင်း သယ်ယူပို့ဆောင်သည့်ယာဉ်များ၏ စက်သုံးဆီရောင်းချမှုများမြင့်တက်လာ

Last Updated:

စက်သုံးဆီသိုလှောင်ရောင်းချသည့် ကမ္ဘာ့အကြီးဆုံးအချက်အချာဆိပ်ကမ်းဖြစ်သည့် စင်ကာပူနိုင်ငံတွင် ရေကြောင်းသယ်ယူပို့ဆောင်သည့်ယာဉ်များအတွက် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာခဲ့ပြီး နှစ်အလိုက်တွက်ချက်မှုအရ စက်သုံးဆီရောင်းချမှုသည် ဇွန်လမှစတင်၍ ၁.၆ ရာခိုင်နှုန်းမြင့်တက်လာကြောင်း The Business Times သတင်းစာတွင် ဖော်ပြပါရှိပါသည်။

စင်ကာပူနိုင်ငံ၊ ရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့(Maritime and Port Authority of Singapore-MPA)၏ ၁၄-၇-၂၀၂၆ ရက်နေ့ထုတ်ပြန်ချက်အရ ဇွန်လမတိုင်မီကာလအတွင်း လောင်စာဆီတန်ချိန် ၄.၇ သန်းရောင်းချခဲ့ပြီး ရေနံစိမ်းဈေးကွက်တွင် ဈေးနှုန်းများကျဆင်းလာခြင်းက လောင်စာဆီဈေးနှုန်းများကို သိသာစွာကျဆင်းစေခဲ့ကြောင်း၊ ကမ္ဘာ့စက်သုံးဆီစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းရောင်းဝယ်သည့် ဟော်မုတ်ဇ်ရေလက်ကြားကို ပိတ်ဆို့ခဲ့သည့်အတွက် ၎င်း၏ သက်ရောက်မှုကြောင့် လောင်စာဆီသင်္ဘောများသည် အာရှဒေသတွင်းရောင်းချသည့် တရုတ်နိုင်ငံ၏ဈေးကွက်သို့ ၂၀၂၆ ခုနှစ်၊ မေလအတွင်း၌ ပိုမိုဝင်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံ၌ လောင်စာဆီဈေးနှုန်းများမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံက ရောင်းချသည့် Low Sulphur Fuel Oil စက်သုံးဆီအမျိုးအစားသည် မေလအတွင်း၌ တစ်တန်လျှင် အမေရိကန်‌ဒေါ်လာ ၇၄၃.၇၅ ရှိခဲ့ရာမှ ဇွန်လ ၃၀ ရက်နေ့တွင် တစ်တန်လျှင် အမေရိကန်‌ဒေါ်လာ ၅၉၂ အထိကျဆင်းခဲ့ကြောင်း၊ ဖေဖော်ဝါရီ လ၌ စင်ကာပူနိုင်ငံစက်သုံးဆီပေါက်ဈေးသည် သိသာစွာမြင့်တက်လာခဲ့ကြောင်း၊ အမေရိကန်-အီရန်ပဋိပက္ခမတိုင်မီက ဈေးနှုန်းများအတိုင်း ယခင်လများ၌ ဆက် လက်ဖြစ်ပေါ်နေခဲ့သော်လည်း ယခုအခါဈေးနှုန်းများပြန်လည်ကျဆင်းလာသည်ကို တွေ့ရှိ ရကြောင်း၊ မေလ၏စာရင်းနှင့်နှိုင်းယှဉ်ပါက စက်သုံးဆီတင်သင်္ဘော ၇၂ စီးလျော့နည်းဆိုက်ကပ်ခဲ့သော်လည်း ရောင်းချမှုနှုန်းဆက်လက်မြင့်တက်နေကြောင်း ဖော်ပြပါရှိပါသည်။

စင်ကာပူနိုင်ငံ၊ သင်္ဘောများမှတ်ပုံတင်ဌာန(Singapore Registry of Ships)၏ စာရင်းများအရ ၂၀၂၆ ခုနှစ်၊ ဇွန်လကုန်အထိ စက်သုံးဆီတင်သင်္ဘော ၄,၄၈၉ စီးဆိုက်ကပ်ခဲ့ပြီး ပမာဏအားဖြင့် တန်ချိန် ၉၀.၉ သန်းရှိခဲ့ပါသည်။စက်သုံးဆီဈေးနှုန်း များဆက်လက်ကျဆင်းမည့်အလားအလာကြောင့် စင်ကာပူနိုင်ငံ၏ရေကြောင်းသယ်ယူပို့ဆောင်သည့်ယာဉ်များ၏ စက်သုံးဆီအပါအဝင် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာနိုင်သော်လည်း ပြည်တွင်းဈေးကွက်တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်သည့်အတွက် နိုင်ငံတွင်းနှင့်ပြည်ပကုန်သွယ်မှုဈေးကွက်အတွင်းရှိ ဈေးနှုန်းအတက်အကျများကို စောင့်ကြည့် လေ့လာရမည့်အနေအထားဖြစ်ပါသည်။

ရင်းမြစ်။        The Business Times သတင်းစာ

(ဧဧသန့်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News