Local News

ကချင်ပြည်နယ်၏ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ များအတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၄၅၃၅၉၇၅ ဒဿမ ၁၇ ကန်ဒေါ်လာ တင်ပို့မှု ရှိခဲ့ပြီး၊ သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၄၉၂၈၀၆ ဒဿမ ၂ ကန်ဒေါ်လာ တင်သွင်းမှု ရှိခဲ့ပါသည်။

တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ နှမ်းနက်၊ ကြံ၊ ဆန်၊ ပြောင်း၊ မြေပဲဆံ၊ ပဲစင်းငုံ၊ ပဲယင်း၊ ပဲတီစိမ်း၊ ‌ဖရဲသီး၊ ငရုတ်သီးနှင့် ဆန်ကွဲများ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၂၅၈၂၁၇၄ ဒဿမ ၁၇  ကန်ဒေါ်လာ ဖြစ်ပြီး၊ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏‌ ငွေပမာဏတန်ဖိုးမှာ ၁၉၅၃၈၀၁ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ  လယ်ထွန်စက်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဓါတုဗေဒချည်ခင်များ၊ ဓါတ်မြေဩဇာများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းများ၊ ချည်ထည်များ၊ ဆိုင်ကယ် အပိုပစ္စည်းများ၊ တာယာနှင့် ကျွတ်များ၊  သံပိုက်၊  မြက်ခင်းတု၊ Empty Cargo Container 45’ Feetနှင့် အခြားစက္ကူများ တင်သွင်းမှုရှိခဲ့ပါသည်။ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၃၄၉၀၃၅ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၁၄၃၇၇၁ ဒဿမ ၂ တင်သွင်းမှုရှိခဲ့ပါသည်။

မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် သုည ဒဿမ ၃၂၇ ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၃၀၅ ဒဿမ ၈၁ ကျပ်ရှိကြောင်းသိရှိရပါသည်။

 

 

မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News