Local News

ကမ္ဘောဒီးယားနိုင်ငံ၊ ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီမှ Consultation on Regional Prospect: Harnessing Regional Collaboration for Cross-Border Trade Facilitation and Supply Chain Resilience ညှိနှိုင်းဆွေးနွေးပွဲကို ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပ

Last Updated:

ကမ္ဘောဒီးယားနိုင်ငံ၊ ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁) ဖြင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့ စေရေးစီမံကိန်း(Trade and Investment Facilitation Project) ကိုဆောင်ရွက်လျက်ရှိရာ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် Consultation on Regional Prospect: Harnessing Regional  Collaboration for Cross-Border Trade Facilitation and Supply Chain Resilience  ညှိနှိုင်းဆွေးနွေးပွဲကို ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပခဲ့ပါသည်။ အဆိုပါ ညှိနှိုင်း ဆွေးနွေးပွဲသို့ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်  ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ တရုတ်၊ မြန်မာ နိုင်ငံတို့မှစုစုပေါင်း (၃၀)ဦးခန့်တက်ရောက်ခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဒေါ်ဝင်းမင်းဖြိုးနှင့်အတူ အရာထမ်း(၂)ဦး တက်ရောက် ခဲ့ပါသည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် ဆက်စပ်နေသော ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပြင်ဒေသတွင်းထောက်ပံ့မှုကွင်းဆက်ပြန်လည်ကောင်းမွန်စေရန်အတွက်ဒစ်ဂျစ်တယ်ကုန်သွယ်မှုကို တိုးမြှင့်လုပ်ဆောင်နိုင်မည့် အလေ့အကျင့်ကောင်းများနှင့်အတွေ့အကြုံများကိုမျှဝေသွားနိုင်ရန်နှင့် အဖွဲ့ဝင်နိုင်ငံများမှ ကိုဗစ်(၁၉)ကာလအတွင်းနှင့် ကိုဗစ်(၁၉)ကာလအလွန်တွင် စီးပွားရေးလုပ်ဆောင်မှုများ လွယ်ကူချောမွေ့စေရေးအထောက်အကူပေးရန်အတွက်မူဝါဒများ ချမှတ်ဆောင် ရွက်နေမှုများဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲကို မြန်မာစံတော်ချိန် ၁၆:၃၀  နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။

Category: Local News