Local News

ကြက်သွန်နီလက်ကျန်နည်းချိန် ဝယ်လိုအားမြင့်တဲ့အတွက် စျေးကောင်းရ

Last Updated:

ကြက်သွန်နီလက်ကျန်နည်းချိန် ဝယ်လိုအားမြင့်တဲ့အတွက် စျေးကောင်းရ

       စျေးကွက်ထဲတွင် ကြက်သွန်နီလက်ကျန်နည်းချိန် ဝယ်လိုအားကောင်းနေတဲ့အတွက် စျေးပြန်တက်လာတာကို တွေ့ရပါတယ်။ တောင်သူတွေ လက်ထဲမှာ လက်ကျန်နည်းပေမယ့် ယခုပေါက်စျေးကတော့ တောင်သူအကြိုက်တွေ့တဲ့စျေး ဖြစ်နေတယ်လို့သိရပါတယ်။အရည်အသွေးကောင်း ကြက်သွန်နီတွေ နည်းသွားပေမယ့်လည်း မိုးကြက်သွန်နီအသစ် ထွက်ပေါ်ချိန်လိုနေသေးတဲ့အတွက် လက်ကျန်ကြက်သွန်နီများ ဆက်လက်၍ စျေးကောင်းရနိုင်သေး တယ်လို့သိရပါတယ်။ စျေးနှုန်းများကတော့ အရည်အသွေးနှင့် အရွယ်အစားပေါ်မူတည်ပြီး စျေးနှုန်းအနိမ့်အမြင့်ဖြင့် အရောင်း အဝယ်ဖြစ်နေတာကိုတွေ့ရပါတယ်။

   ယခင်တစ်ပတ် (၁၉.၇.၂၀၂၂)ရက်နေ့တွင် ပခုက္ကူကြက်သွန်နီစျေးမှာ (၁၅၅ဝ)ကျပ်စျေးဖြစ်ခဲ့ပြီး ယခုတစ်ပတ် (၂၆.၇.၂၀၂၂)ရက်နေ့တွင် (၁၇ဝဝ)ကျပ် စျေးအထိမြင့်တက်ခဲ့ပြီး (၁၉.၇.၂၀၂၂)ရက်နေ့တွင် ဆိပ်ဖြူကြက်သွန်နီစျေးမှာ (၁၅ဝဝ)ကျပ်စျေးဖြစ်ခဲ့ပြီး (၂၆.၇.၂၀၂၂)ရက်နေ့တွင် (၁၆၅ဝ)ကျပ်စျေးအထိ မြင့်တက်ခဲ့တာကိုတွေ့ရပါတယ်။ (၁၉.၇.၂၀၂၂)ရက်နေ့မှ (၂၆.၇.၂၀၂၂)ရက်နေ့အထိ တစ်ပတ်အတွင်း စျေးကွက်ထဲသို့ ပခုက္ကူကြက်သွန်နီ ပိဿာချိန်(၂)သိန်းကျော် ဝင်ရောက်ခဲ့ပြီး ဆိပ်ဖြူကြက်သွန်နီကတော့ ပိဿာချိန်(၇)သောင်းကျော် အသီးသီးဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်နေတယ်လို့ ကြက်သွန်နီကုန်သည်အသိုင်းအဝိုင်းထံမှ သိရှိရပါတယ်။

                                                                                                                                                           ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

 

 

Category: Local News