International News

ချီကာဂိုစတော့ဈေးကွက်တွင် သီးနှံအရောင်းအဝယ်ဖြစ်မှုများအေးစက်ခဲ့သဖြင့် ဘရာဇီးလ်သီးနှံ ဈေးကွက်တွင် ဈေးနှုန်းပြောင်းလဲမှု နည်းပါးခဲ့

Last Updated:

မေလ ၂ ရက်နေ့တွင် အမေကန်ဒေါ်လာငွေတန်ဖိုး ပြန်လည်မြင့်တက်မှုကြောင့် အမေရိကန်နိုင်ငံ၊ ချီကာဂိုစတော့ဈေးကွက်တွင် သီးနှံအရောင်း အဝယ်ဖြစ်မှုများ အေးစက်ခဲ့ကြောင်း၊ အကျိုးဆက်အနေဖြင့် ဘရာဇီးလ်နိုင်ငံရှိသီးနှံဈေးကွက်များတွင်လည်း ပဲပုတ်စေ့ဈေးနှုန်းပြောင်းလဲမှုများ အနည်းငယ်သာဖြစ်ပေါ်ခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

မေလ ၂ ရက်နေ့တွင် ဘရာဇီးလ်နိုင်ငံ သီးနှံဈေးကွက်များတွင် ဖြစ်ပေါ်ခဲ့သည့် (၆၀) ကီလိုဂရမ်အလေးချိန်ရှိသည့် ပဲပုတ်စေ့ (၁) အိတ်တန်ဖိုးသည် Passo Fundo (RS) ဈေးကွက်တွင် ၁၉၉ ဟဲရာဖြင့်လည်းကောင်း၊ - Mission Region ဈေးကွက်တွင် ၂၀၀ ဟဲရာဖြင့်လည်းကောင်း၊ Port of Rio Grande ဈေးကွက်တွင် ၁၉၀ ဟဲရာဖြင့်လည်းကောင်း၊ Cascavel (PR) ဈေးကွက်တွင် ၁၉၀ ဟဲရာဖြင့်လည်းကောင်း၊ Port of Paranaguá (PR) ဈေးကွက်တွင် ၁၉၇ ဟဲရာဖြင့်လည်းကောင်း၊ Dourados (MS) ဈေးကွက်တွင် ၁၈၃ ဟဲရာဖြင့်လည်းကောင်း အသီးသီးဈေးနှုန်းများ တည်ငြိမ်ခဲ့ပြီး Rondonópolis (MT) ဈေးကွက်တွင် ၁၈၀ ဟဲရာမှ ၁၈၁.၅၀ ဟဲရာသို့ ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး Rio Verde (GO) ဈေးကွက်တွင် ၁၇၅ ဟဲရာမှ ၁၇၄ ဟဲရာသို့ ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

မေလ ၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ Chicago Commodity Exchange (CBOT) တွင် ဒေါ်လာငွေတန်ဖိုး အတက်အကျလျင်မြန်စွာ ဖြစ်ပေါ်ခဲ့ သဖြင့် သီးနှံရောင်းဝယ်မှုများအေးစက်ခဲ့ကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံ၏ အချို့မြို့ကြီးများတွင် Zero Covid မူဝါဒကြောင့် သွားလာမှု ကန့်သတ် ချက်များ ချမှတ်ထားခြင်းကြောင့် ကုန်တင်ပို့မှုများ ရပ်တန့်လျက်ရှိနေခြင်းနှင့် ပဲပုတ်စေ့ အများအပြားစိုက်ပျိုးသည့် အမေရိကန်နိုင်ငံ၏ အချို့ဒေသ များတွင် မိုးများ အဆက်မပြတ်ရွာသွန်းလျက်ရှိနေသဖြင့် ပဲပုတ်စေ့တင်ပို့မှုများ သိသိသာသာကျဆင်းလျက်ရှိကြောင်း သတင်းတွင်ဖော်ပြထား သည်။

အမေရိကန်နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ကိုင်သည့် အချို့ပြည်နယ်များတွင် မိုးများ အဆက်မပြတ်ရွာသွန်းနေမှုကြောင့် ပြောင်းစိုက်ပျိုးမှုများ ဆိုင်းငံ့ထား ရလျက်ရှိပြီး ဆီထွက်သီးနှံများအစား အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးရန် စဉ်းစားလျက်ရှိကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဧပြီလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း ချီကာဂိုစတော့ဈေးကွက်မှ ပဲပုတ်စေ့တန်ချိန် ၆၀၁,၂၈၂ တန်တင်ပို့ခဲ့ပြီး ဇူလိုင်လအတွက် ပဲပုတ်စေ့ ၁ စည်၏ ကြိုပွိုင့်ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၁၆.၄၅ ဒေါ်လာရရှိခဲ့သဖြင့် ၂.၃၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ဩဂုတ်လအတွက် ပဲပုတ်စေ့ ၁ စည်ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၁၆.၀၀ ဈေးနှုန်းဖြစ်ပေါ်ခဲ့သဖြင့် ၂.၁၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ပဲပုတ်စေ့ထွက်ကုန်ပစ္စည်းဈေးကွက် တွင် ဇူလိုင်လအတွက် ပဲပုတ်ခွံ ၁ တန်၏ ကြိုပွိုင့်ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၄၃၀.၉၀ ဖြစ်ပေါ်ခဲ့သဖြင့် ၀.၃၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ဇူလိုင်လအတွက် ပဲပုတ်ဆီ ၁ ပေါင်၏ ကြိုပွိုင့်ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၈၀.၀၉ ဆင့်ဖြစ်ပေါ်ခဲ့သဖြင့် ၄.၈၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

ဘရာဇီးလ်နိုင်ငံ၏ နိုင်ငံခြားငွေကြေးဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ရောင်းဈေး ၅.၀၇၂၀ ဟဲရာ၊ ဝယ်ဈေး ၄.၉၆၄၀ ဟဲရာတို့ဖြင့် ဈေးနှုန်းများဖြစ်ပေါ်လျက်ရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: International News