International News

ဂျာမနီနိုင်ငံရှိဈေးနှုန်းများအခြေအနေ

Last Updated:

ဂျာမနီနိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ၏ ထုတ်လုပ်သူဈေးနှုန်းများမှာ ၂၀၂၁ ခုနှစ်ကာလတူထက် ၃၃.၉ ရာခိုင်နှုန်း၊ အပင်ထွက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ၂၀၂၁ ခုနှစ်ကာလတူထက် ၃၅.၇ ရာခိုင်နှုန်း၊ တိရိစ္ဆန်ထွက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ၂၀၂၁ ခုနှစ်ကာလတူထက် ၃၂.၈ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခဲ့ပါသည်။ ထို့အတူ စက်မှုလုပ်ငန်းထုတ်ကုန်ဈေးနှုန်းများမှာလည်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ၂၀၂၁ ခုနှစ်ကာလတူထက် ၃၇.၂ ရာခိုင်နှုန်းမြင့်တက်လာပြီး လအလိုက်မြင့်တက်မှုများတွင် အမြင့်မားဆုံးဖြစ်ကြောင်း အဓိကအားဖြင့် စွမ်းအင်ဆိုင် ရာဓါတ်ငွေ့နှင့် လျှပ်စစ်ဓါတ်အားသုံးစွဲမှု ဈေးနှုန်းများတွင်ဖြစ်ကြောင်း Federal Statistical Office ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

အလားတူ လက်ကားရောင်းဝယ်မှုဈေးနှုန်းများမှာလည်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ၂၀၂၁ ခုနှစ်ကာလတူထက် ၁၉.၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အဆိုပါမြင့်တက်မှုများသည် အဓိကအားဖြင့် ကုန်ကြမ်းပစ္စည်းများနှင့် တစ်ဝက်တစ်ပျက် ကုန်ချောပစ္စည်းဈေးနှုန်းများတွင်ဖြစ်ကြောင်း၊ mineral oil တွင် ၅၃.၈ ရာခိုင်နှုန်းနှင့် solid fuels တွင် ၉၂.၉ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ပြီး အခြားကောက်ပဲသီးနှံ၊ ဆေးလိပ်၊ မျိုးစေ့၊ သံထည်ပစ္စည်း များနှင့် သတ္တုရိုင်းများ၏ ဈေးနှုန်းများ မြင့်တက်မှုများကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။
 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.destatis.de/EN/Home/_node.html

 

Category: International News