International News

ဂျာမန်အစိုးရက တရုတ်နိုင်ငံသို့ ခရီးသွားရောက်ခြင်းကိုရှောင်ရှားရန်ထုတ်ပြန်

Last Updated:

ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားနေမှုကြောင့် တရုတ်နိုင်ငံသို့ မလိုအပ်ဘဲ ခရီးသွားရောက်ခြင်းကို ရှောင်ရှားကြရန် ၇-၁-၂၀၂၃ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါသည်။ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် တရုတ်နိုင်ငံ၌  ၂၀၂၀ခုနှစ်အစောပိုင်းကာလ ကပ်ရောဂါစတင်ဖြစ်ပွားနေမှု ပုံစံမျိုးကဲ့သို့ တွေ့မြင်နေရကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များဝန်ပိနေသည့်အနေ အထားတွင်ရှိနေကြောင်း၊ တရုတ်နိုင်ငံမှ ဂျာမနီနိုင်ငံသို့ ဝင်ရောက်သည့်ခရီးသွားများအားလုံး ၉-၁-၂၀၂၃ ရက်နေ့မှစ၍ တရုတ်နိုင်ငံမှ မထွက်ခွာမီ (၄၈)နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ် ၁၉ Negative test ကိုင်ဆောင်လာရန်လိုအပ်ကြောင်း ရေးသားဖော်ပြထားကြောင်း သိရှိရပါသည်။

အခြားအီးယူအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ပြင်သစ်၊ စပိန်၊အီတလီ၊ဆွီဒင်နိုင်ငံများနှင့် အီးယူပြင်ပနိုင်ငံများဖြစ်ကြသည့် အမေရိကန်၊ ကနေဒါ ၊ယူနိုက်တက်ကင်းဒမ်း၊ ဂျပန်၊ တောင်ကိုးရီးယား၊ အိန္ဒိယနိုင်ငံတို့တွင်လည်း တရုတ်နိုင်ငံမှ ဝင်ရောက်သည့် ခရီးသွားများ အားလုံး ကိုဗစ်၁၉ရောဂါ စစ်ဆေးထားမှုများ ယူဆောင်လာရန် ထုတ်ပြန်ထားကြကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကန့်သတ်ထိန်းချုပ်မှုများ ဖြေလျော့ပေးခဲ့ပြီး နောက်ပိုင်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းမှစ၍ ကူးစက်မှုနှုန်းများမြင့်တက်လာခြင်း ဖြစ်ပြီး ၉-၁-၂၀၂၃ ရက်နေ့အထိ ကူးစက်ခံရသူ စုစုပေါင်း (၁၁၈၉၇၇)ဦးရှိကြောင်း သိရှိရပါသည်။

 

Source:https://www.dw.com/en/germany-advises-against-nonessential-travel-to-china-amid-covid-surge/a-64313466

https://www.auswaertiges-amt.de/de/ReiseUndSicherheit/chinasicherheit/200466

https://www.worldometers.info/coronavirus/country/china/

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: International News