International News

စင်ကာပူတွင် အလေးရှားမှ တင်သွင်းသော ဟင်းသီးဟင်းရွက်များ၏ စျေးနှုန်းမြင့်တက်

Last Updated:

စင်ကာပူတွင် အလေးရှားမှ တင်သွင်းသော ဟင်းသီးဟင်းရွက်များ၏ စျေးနှုန်းမြင့်တက်

     မုတ်သုံရာသီအတွင်း အလေးရှားတွင် ဖြစ်ပေါ်လျက်ရှိသော မိုးများခြင်းနှင့် ရေကြီးရေလျှံမှုများကြောင့် စက်ကာပူတွင် မလေးရှားမှ တင်သွင်းသည့် အရွက်စားဟင်းသီးဟင်းရွက်အချို့၏ စျေးနှုန်းသည် မြင့်တင်ခဲ့ပါသည်။ အထူးသဖြင့် အရွက်စားဟင်းရွက်များ၏ စျေးနှုန်းသည် ၈၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

          နှစ်စဉ် ရာသီဉတုဆိုးရွားမှုအခြေအနေများ၏ သက်ရောက်မှှုကြောင့် စင်ကာပူတွင် ဟင်းသီးဟင်းရွက်များ၏ စျေးနှုန်းသည် အတက်အကျ ဖြစ်ပေါ်လေ့ရှိသော်လည်း ယခုနှစ်တွင် အဆိုးဝါးဆုံးအခြေအနေဖြစ်လာကြောင်း၊ မလေးရှားမှ တင်သွင်းသည့် အချို့သော ဟင်းသီးဟင်းရွက်များသည် လွန်ခဲ့သည့် နှစ်ပတ်ခန့်ကတည်းက စျေးနှဆ မြင့်တက်လာခဲ့ကြောင်း၊ စူပါမားကတ်ကြီးများ၏ စျေးနှုန်းထက် ဝယ်လက်အနည်းစုအပေါ် မှီခိုတင်သွင်းရောင်းချသည့် ရပ်ကွက်စျေးများ၏ စျေးနှုန်းသည် ပိုမိုမြင့်တက်ခဲ့ကြောင်း၊ မလေးရှားမှတင်သွင်းသည့် ဆလပ်မုန်လာထုပ်၏ စျေးနှုန်းမှာ ၃၀ ရာခိုင်းနှုန်းအထိ မြင့်တက်ခဲ့သည့်အတွက် လက်ကားကုန်သည်များသည် ထိုင်ဝမ်မှ အစားထိုးတင်သွင်းရန် ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ရာတွင် စင်ကာပူစျေးကွက်အတွင်း တရုတ်၊ အင်ဒိုနီးရှားနှင့် ထိုင်းတို့မှ တင်သွင်းလျက်ရှိသည့် ဟင်းသီးဟင်းရွက်များ၏ စျေးနှုန်းမှာ တည်ငြိမ်လျက်ရှိပါကြောင်း သိရှိရပါသည်။

သတင်းအရင်းအမြစ်။  ။ The Straits Time
(စင်ကာပူနိုင်ငံ မြန်မာစီးပွားရေးသံမှူး)

 

 

 

Category: International News