International News

တတိယအကြိမ် မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲတွင် ပါဝင်ပြသမည့်ကုမ္ပဏီများ အွန်လိုင်းကုန်စည်ပြပွဲတွင် ပါဝင်ပြသနိုင်ရေး သင်တန်းပြုလုပ်ခဲ့

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပမည့် တတိယ အကြိမ် မြန်မာ(လားရှိုး)- တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေးနှင့်ကုန်စည်ပြပွဲတွင် ပါဝင်ပြသမည့် မြန်မာကုမ္ပဏီများအား အွန်လိုင်းပြခန်းများတွင် ကိုယ်တိုင်ဝင်ရောက်ပြသနိုင်ရေး လေ့ကျင့်ပေးသည့် အစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့၊ နေ့လည် (၂) နာရီအချိန်တွင် Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးနှင့်တာဝန်ရှိသူများ၊ ကုန်စည်ပြပွဲအတွက် Online Services လုပ်ငန်းများ တာဝန်ယူ ဆောင်ရွက်မည့် Cyber King Co.,Ltd မှ တာဝန်ရှိသူများနှင့် ကုန်စည်ပြပွဲတွင် ပါဝင်ပြသမည့်ကုမ္ပဏီ (၃၅) ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အွန်လိုင်းကုန်စည်ပြပွဲတွင် ပါဝင်ပြသရန်မှတ်ပုံတင်ခြင်း၊ ပြသသူ Account ရယူခြင်း၊ ပြခန်းများတွင် ထုတ်ကုန်ဆိုင်ရာဓာတ်ပုံ၊ ဗွီဒီယို၊ ဈေးနှုန်းနှင့် ထုတ်ကုန်မိတ်ဆက်များ ထည့်သွင်းခြင်း၊ ဝယ်သူများ၏ ဈေးနှုန်းအဆိုပြုလွှာများ လက်ခံဖြေကြားခြင်းနှင့် Chat Box အသုံးပြုပုံများကို အသေးစိတ် ရှင်းလင်းပြသခဲ့ပြီး ကုမ္ပဏီများမှ သိရှိလိုသည့်မေးခွန်းများကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ

Category: International News