International News

တရုတ်နိုင်ငံ၏ဒူးရင်းသီးတင်သွင်းမှုတိုးတက်နှုန်းကြောင့် RCEP အပေါ် အာဆီယံကို နှိုးဆော်မှုဖြစ်စေ

Last Updated:

(ပုံ- တရုတ်နိုင်ငံ ယူနန်ပြည်နယ် စစ်ဆောင်ပနားရှိ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် လက်ကားဈေးသည် ကမ္ဘာလှည့်ခရီးသည်များ လာရောက် လည်ပတ်ရာ နေရာတစ်ခု ဖြစ်ရာ ဒူးရင်းအစုအပုံများ တစ်ရက်အတွင်း ရောင်းကုန်ကြောင်း  Nikkei၏ တရုတ်ဗျူရို အကြီးအကဲ Yuri Momoi YURI MoMOI အရ သိရှိရပါသည်။ )

အရှေ့တောင်အာရှ၏ "အသီးအနှံများ၏ဘုရင်" ဒူးရင်းသည် တရုတ်နိုင်ငံတွင်အရှိန်အဟုန်ဖြင့် အရောင်းမြှင့်တက်လာပြီး ပမာဏနှင့်တန်ဖိုးအရ နိုင်ငံ၏ ထိပ်တန်းသစ်သီးတင်သွင်းမှုဖြစ်လာကြောင်း  အရှေ့တောင်အာရှနိုင်ငံများမှ လတ်ဆတ်သော သစ်သီးဝလံများ တင်သွင်းရန် တရုတ်နိုင်ငံအတွက် ပိုမိုလွယ်ကူစေသည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) အရ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း ၎င်းသည် ကြီးမားသောလွတ်လပ်သောကုန်သွယ်မှုမူဘောင်တွင် နိုင်ငံကိုမည်သို့ထည့်သွင်းရမည်ကို စမ်းသပ်မှုတစ်ခုဖြစ်လာနေသည်။

ယခုနှစ် ဇန်နဝါရီလတွင် စတင်အသက်ဝင်ခဲ့သော RCEP သည် ယခုအခါ ကမ္ဘာ့အကြီးဆုံးကုန်သွယ်မှုအစုအဖွဲ့ဖြစ်ပြီး ကမ္ဘာ့ဂျီဒီပီ၏ ၃၀ရာခိုင်နှုန်း ရှိပြီး တရုတ်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန်တို့နှင့်အတူမူဘောင်တွင်ပါဝင်သည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ စစ်ဆောင်ပနား Xishuangbanna မြို့သည် အရှေ့တောင်အာရှမှ ဒူးရင်းသီးအများဆုံးရရှိနိုင်သည့် နေရာတစ်ခု ဖြစ်ကြောင်း အရှေ့တောင်အာရှနယ်စပ်အနီးတွင်တည်ရှိပြီး သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် လက်ကားဈေးသည် လူလတ်တန်းစားများနှင့် ခရီးသွားများဖြင့် စည်ကားနေ၍ ဒူးရင်းသီးမျိုးစုံကို ဒေသအနှံ့မှ ကုန်းတွင်းပိုင်းမှ သယ်ဆောင်လာကြသည်။

ဒူးရင်းသီးဆိုင်တစ်ဆိုင်မှ ဈေးသည်တစ်ဦး၏ ပြောကြားချက်အရ စျေးကွက်တွင် ခရီးသွားရာသီအတွင်း ဒူးရင်းတစ်တန် နေ့စဉ်ရောင်းချရပြီး RCEP အသက်ဝင်ချိန်မှစ၍ ကုန်ကျစရိတ်များလျော့ကျသွားသော်လည်း တရုတ်နိုင်ငံ၏ ဝယ်လိုအားတိုးလာခြင်းကြောင့် ဈေးနှုန်းများမြင့်တက်နေကြောင်း သိရသည်။

၂၀၂၁ ခုနှစ်တွင် ဒူးရင်းလတ်လတ်ဆတ်ဆတ် တင်သွင်းမှုသည် တစ်နှစ်ထက် တစ်နှစ် ၄၂ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ချိန် ၈၂၁,၆၀၀ သို့ တင်သွင်းမှုတန်ဖိုးမှာ ၈၂ ဒသမ ၄ ရာခိုင်နှုန်းမှ ဒေါ်လာ ၄ ဒသမ ၂၀၅ ဘီလီယံအထိ မြင့်တက်ခဲ့ကြောင်း တရုတ်အကောက်ခွန်စာရင်းဇယားများအရသိရသည်။

သွင်းကုန်လမ်းကြောင်းသည် ယခုနှစ်တွင် ပိုမိုအရှိန်မြှင့်လာကာ ၂၀၁၇ ခုနှစ်ထက် လေးဆနီးပါး တိုးလာခဲ့ကြောင်း ၎င်း၏ "ခရင်မ်အရသာ" နှင့် အာဟာရ တန်ဖိုးမြင့်မားမှုကို တရုတ်နိုင်ငံသားများက နှစ်သက်ပုံရကြောင်း တစ်လုံးလျှင် ၇ ဒေါ်လာကျော်ဖြင့် ဈေးမြင့်သော်လည်း ဒူးရင်းသည် တရုတ်နိုင်ငံ၏ စူပါမားကတ်များတွင် ထင်ရှားစွာတည်ရှိနေပြီး ဒူးရင်းကိတ်မုန့်၊ ဒူးရင်းနို့ခရက်ပင်၊ ဒူးရင်းပီဇာနှင့် ဒူးရင်းဟော့ပေါ့အပါအဝင် ထူးခြားသောတရုတ်မီနူးပစ္စည်းများကို ဖန်တီးထားကြောင်း ယင်းတို့အားလုံးသည် ဆိုရှယ်မီဒီယာပေါ်တွင် ပရိသတ်များ၏ စိတ်အားထက်သန်သော မှတ်ချက်များစွာကို ရရှိထားကြကြောင်း တရုတ်နိုင်ငံ၏ ဝယ်လိုအားကြီးထွားလာမှုကို တုံ့ပြန်သည့်အနေဖြင့် ထုတ်လုပ်သည့်နိုင်ငံများသည် ပို့ကုန်များ တိုးချဲ့ရန် အလျင်စလို လုပ်ဆောင်နေကြကြောင်း ထိုင်းနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၁.၂၉ သန်းခန့် ထုတ်လုပ်ခဲ့ပြီး ၂၀၁၉ခုနှစ်ထက်မှ ၃၀ရာခိုင်နှုန်းခန့် တိုးတက်ခဲ့သည်။ 

တရုတ်နိုင်ငံ၏တင်သွင်းမှုက များနေပြီဖြစ်သော်လည်း တရုတ်နိုင်ငံ၏ တစ်ဦးချင်း စားသုံးမှုပိုတိုးလာဖို့မျှော်လင့်ကြာင်း ထိုင်းလယ်သမားများ၏ ထုတ်လုပ်မှုတိုးချဲ့ရန် ပြင်းပြင်းထန်ထန် တွန်းအားပေးနေကြောင်း တရုတ်နိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ တာဝန်ရှိသူတစ်ဦးက Nikkei သို့ ရှင်းပြသည်။

(ပုံ-  ဒူးရင်းကိတ်မုန့်သည် တရုတ်စားသောက်ဆိုင်များတွင် လူကြိုက်များသော မီနူးတစ်ခုဖြစ်လာကြောင်း မုန့်အပြင်ဘက်ရော ကိတ်မုန့်အတွင်းပိုင်းရော ဒူးရင်းပါ အပြည့်ပါကြောင်း စားသုံးသူတစ်ဉီးကဆိုသည်။ )

တရုတ်နိုင်ငံတွင် “Hermes of durian” ဟု အမည်ပေးထားသော “Musang King” ဟုခေါ်သော တန်ဖိုးကြီးမလေးရှားထုတ်ကုန်တစ်ခု ရေပန်းစားမှု မြင့်တက်လာနေကြောင်း ယခုနှစ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထုတ်လုပ်မှုကျဆင်းမည်ဟု မျှော်လင့်ထားသော်လည်း မလေးရှားအစိုးရသည် အကြီးစားကော်ပိုရိတ်ရင်းနှီးမြုပ်နှံမှုများကြောင့် စိုက်ခင်းများဆက်လက်တိုးချဲ့နေသဖြင့် ပို့ကုန်တိုးတက်မှုအတွက် ပံ့ပိုးလျက်ရှိကြောင်း ဗီယက်နမ်နှင့် လာအိုတို့သည်လည်း တရုတ်ငွေအပါအဝင် ရင်းနှီးမြှုပ်နှံမှုလှိုင်းလုံးများကို မြင်တွေ့နေရကြောင်း ဤအရှေ့တောင်အာရှနိုင်ငံများအတွက် RCEP တွင် တရုတ်၏ပါဝင်မှုသည် ပို့ကုန်မြှင့်တင်ရေးတွင် အဓိကကျသောလေစုန်တစ်ခုဖြစ်ကြောင်း  စည်းကြပ်ခွန်များပပျောက်ရေးအပြင် ပျက်ဆီးနိုင်သောကုန်စည်များကို အကောက်ခွန်ရှင်းလင်းရေးသဘောတူညီချက်တွင် အခြေခံအားဖြင့် ခြောက်နာရီအောက်သာ ပြီးစီးနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ ၎င်းသည် ကုန်ကျစရိတ်ကို သိသိသာသာလျှော့ချနိုင်မည်ဖြစ်ပြီး လတ်ဆတ်မှုအရေးကြီးသည့် ဒူးရင်းအတွက် အကျိုးကျေးဇူးများစွာပေးမည်ဖြစ်သည်။ တစ်ဖက်တွင်မူ ဒူးရင်းအလုံးအရင်းသည် တရုတ်နိုင်ငံနှင့် အကြီးစားလွတ်လပ်သော ကုန်သွယ်မှုဇုန် ထူထောင်ရေးစိန်ခေါ်မှုကို မီးမောင်းထိုးပြနေသည်။ တစ်ခုမှာ ကြီးမားလွန်းသော စျေးကွက်ကို အနှောင့်အယှက် ဖြစ်စေနိုင်သည်။ ဥပမာအားဖြင့်    မလေးရှားနိုင်ငံသည် ၎င်း၏ အပူပိုင်းမိုးသစ်တောများတွင် ဒူးရင်းစိုက်ခင်းများ လျင်မြန်စွာဖြစ်ထွန်းနေပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ ဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။  

တရုတ်နိုင်ငံသို့တင်ပို့ရန် အထွက်နှုန်းလျင်မြန်စွာ တိုးချဲ့နေသော်လည်း တရုတ်နိုင်ငံတွင် ဒူးရင်းသီး အရှုးအမူးစွဲလမ်းမှု (ရောဂါ)မည်မျှကြာမည်ကို မည်သူမျှ မသိနိုင် သည့်အပြင် တရုတ်နိုင်ငံအပေါ် အလွန်အကျွံ မှီခိုရသော(စီးပွားရေးအရှိန်) အန္တရာယ်လည်း ရှိကြောင်း ဒူးရင်းပင်များ ရင့်ကျက်ပြီး အသီးအနှံများ ထွက်လာရန် ငါးနှစ်ကျော် အချိန်ယူရသဖြင့် ထုတ်လုပ်မှုကို အတိုင်းအတာတစ်ခုအထိ တိုးမြှင့်ပြီးနောက် တရုတ်နိုင်ငံမှ တင်သွင်းမှုကိုရပ်တန့်ပါက လယ်သမားများကြီးမားသော ဆုံးရှုံးမှုကို ခံစားရမည်ဖြစ်ကြောင်း တကယ်တော့ တရုတ်က ထိုင်ဝမ်နာနတ်သီးတင်သွင်းမှုကို ပြီးခဲ့သော မတ်လတွင်တားမြစ်ခဲ့ကြောင်း ယင်းမှာ တရုတ်နိုင်ငံအား ပြစ်တင်ဝေဖန်နေသော Tsai Ing-wen ၏အုပ်ချုပ်ရေးကို တုံ့ပြန်ချက်အဖြစ် ရှုမြင်ပါကြောင်း တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုတွေကြောင့် ဖိလစ်ပိုင်ငှက်ပျောသီး တင်သွင်းမှုများကို တရုတ်ကရပ်ဆိုင်းလိုက်ကြောင်း ထိုင်းနှင့် မလေးရှားတို့သည် လက်ရှိတွင် တရုတ်နိုင်ငံနှင့် ဆိုးရွားသော သံတမန်ရေးရာ သို့မဟုတ် လုံခြုံရေး ပြဿနာများမရှိကြောင်း သို့သော် လည်း အမေရိကန်-တရုတ် ထိပ်တိုက်ရင်ဆိုင်မှုများ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ အာရှတွင် တင်းမာမှုများသည် အနာဂတ်တွင် မည်သည့်အချိန်တွင် တိုးလာမည်ကို မည်သူမျှမသိနိုင်ကြောင်း တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ မှီခိုအားထားမှု တိုးလာပါက ၎င်းတို့သည် တရုတ်နှင့် ၎င်းတို့၏ အနာဂတ်ဆက်ဆံရေးတွင် အားနည်းသော အနေအထားသို့ ရောက်ရှိသွားနိုင်ပါသည်။

ထို့အပြင် တရုတ်နိုင်ငံသို့တင်ပို့သည့် အရှေ့တောင်အာရှနိုင်ငံများသည် ၎င်း၏ ပြင်းထန်သောသုတေသနနှင့် ထုတ်လုပ်မှုစွမ်းရည်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း ဟိုင်နန်ကျွန်း၏ ရာသီဥတုသည် အရှေ့တောင်အာရှနှင့် မတူကြောင်း ဒူးရင်းအများအပြား စိုက်ပျိုးရန် မလွယ်ကူကြောင်း ဒူးရင်းစိုက်ပျိုးမှုတွင် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌက ပြောသည်။  “ဒါတောင် နှစ်နှစ်အတွင်းမှာ စီးပွားဖြစ်အတွက် ပထမအဆင့် ထုတ်ကုန်တွေ ထုတ်လုပ်နိုင်မယ်လို့ ထင်ပါကြောင်း ကုမ္ပဏီသည် လူကြိုက်များသော "Musang King" ကို ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း တရုတ်နိုင်ငံသည် ယူနန်၊ ကွမ်ရှီးနှင့် ဟိုင်နန်ပြည်နယ်များကဲ့သို့သောနေရာများတွင် တန်ဖိုးကြီး ဒူးရင်းများကို ထုတ်လုပ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြောင်း လတ္တီတွဒ် မြင့်မားခြင်း၊ မကြာခဏ တိုင်ဖွန်းမုန်တိုင်းများ တိုက်ခတ်ခြင်းနှင့် အခြားသော ရာသီဥတု အခြေအနေများကြောင့် ယခုအချိန်အထိ စီးပွားဖြစ်ထုတ်လုပ်မှုများမဖြစ်နိုင်ခဲ့ကြောင်း ဝယ်လိုအားမြင့်မားမှုက ဒူးရင်းစိုက်ပျိုး ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံမှုများ ထည့်သွင်းစဉ်းစားရန် ကုမ္ပဏီများကို တွန်းအားပေးခဲ့ကြောင်း တရုတ်ပြည်တွင်း၌ ဒူးရင်းသီးများထုတ်လုပ်အောင်မြင်ပါက မည်သို့ဖြစ်မည်နည်း။ Shine Muscat ဟု အမည်ပေးထားသည့် ဂျပန်နိုင်ငံထုတ် ဇိမ်ခံစပျစ်သီးများကဲ့သို့ ဒူးရင်းထုတ်လုပ်မှုသည် တရုတ်နိုင်ငံတွင် ပျံ့နှံ့သွားနိုင်ပြီးစျေးကွက်၏ အစိတ်အပိုင်း အများအပြားကို တရုတ်ဒူးရင်းမှ ကြီးစိုးသည့်နေ့တွင် မြင်တွေ့ရမည်ဖြစ်သည်။

သီအိုရီအရ  RCEP ကဲ့သို့သော လွတ်လပ်သော ကုန်သွယ်မှုဇုန်တွင် စျေးကွက် ကြီးမားသော နိုင်ငံတစ်ခုအတွက် လိုလားသည်။ သို့သော် ပြဿနာမှာ တရုတ်နိုင်ငံသည် အရင်းရှင်နိုင်ငံများထက် ကွဲပြားခြားနားသော တန်ဖိုးများနှင့် စည်းမျဉ်းများရှိကြောင်း တရုတ်နိုင်ငံသည် RCEP ပြီးနောက် ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်ဆက်ဆံရေး (ယခင် TPP ခေါ်) ဘက်စုံတိုးတက်ရေးသဘောတူစာချုပ်တွင် ပါဝင်ရန် မျှော်လင့်ထားပြီး ၎င်း၏အဖွဲ့ဝင်များကြားတွင် ကွဲပြားသောရပ်တည်ချက်များရှိသည်။ တရုတ်နိုင်ငံ၏ ဒူးရင်းသီးအရူးအမူးစွဲလမ်းမှုသည် လွတ်လပ်သောကုန်သွယ်မှုမြှင့်တင်ရန် ခိုင်မာသော ရပ်တည်ချက် လိုအပ်ကြောင်း သတိပေးချက်တစ်ခုဖြစ်ပါသည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ်- asia.nikkei.com/Economy/Trade/China-s-durian-boom-sparks-ASEAN-alarm-over-mega-trade-deal

Category: International News