Local News

တရုတ်ဝယ်လက်အကြိုက် မြေပဲဆံစျေးဆက်လက်မြင့်တက်နေ

Last Updated:

တရုတ်ဝယ်လက်အကြိုက် မြေပဲဆံစျေးဆက်လက်မြင့်တက်နေ

        ပြည်တွင်းစျေးကွက်ထဲသို့ စားအုန်းဆီများ ဝင်ရောက်လာသော်လည်း ပြည်တွင်းဆီစျေးဖြစ်တဲ့ မြေပဲဆီစျေးကတော့ မြင့်တက်နေဆဲ ဖြစ်ပါ တယ်။ မြေပဲဆီစျေးများ မြင့်တက်လာသလို မြေပဲဆံစျေးများလည်း မြင့်တက်လာတယ်လို့ သိရပါတယ်။  တရုတ်ဝယ်လက်မှအကြိုက် ဝယ်နေတာ ဖြစ်တဲ့အတွက် မြေပဲဆံစျေးများ ဆက်တိုက်မြင့်တက် နေတာကိုတွေ့ရပါတယ်။

     မြေပဲဆံစျေးများကတော့ ယခင်တစ်ပတ် (၂၁.၇.၂၀၂၂)ရက်နေ့တွင် မြေပဲဆံ(၁)ပိဿာလျှင် (၄၈၅ဝ)ကျပ်စျေး၊မြေပဲဆီ(၁)ပိဿာလျှင် (၉ဝဝဝ) ကျပ်စျေးဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း ယခုတစ်ပတ် (၂၆.၇.၂၀၂၂)ရက်နေ့တွင် မြေပဲဆံ(၁)ပိဿာလျှင် (၅၃ဝဝ)ကျပ်စျေး မြေပဲဆီ(၁) ပိဿာလျှင် ကျပ်(၁ဝဝဝဝ)ကျော်အထိ စျေးဆက်တိုက်မြင့်တက်ကာ အရောင်းအဝယ် ဖြစ်နေတာကို တွေ့ရပါတယ်။

                                                                                                                                                              ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News