International News

ထိုင်းသစ်သီးတင်ပို့သူများ အသုံးပြုသည့် တရုတ်-ဗီယက်နမ် နယ်စပ်ပေါက်တွင် စစ်ဆေးရေးနေရာများစတင်လိုက်သည့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ

Last Updated:

ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် သစ်သီးဝလံကုန်သွယ်ရေးအတွက် Covid-19 ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်းအသုံးပြုရန် တတိယနိုင်ငံ၌ ပိုးမွှားရောဂါစစ်ဆေးသည့်နေရာများအား အတည်ပြုလိုက်ပြီဖြစ်ပါသည်။ 

ဘန်ကောက်ပို့စ်သတင်းဌာနမှ ထုတ်ပြန်ချက်အရ  တရုတ်တွင် ပိုမိုထားရှိသွားမည့် နယ်စပ်စစ်ဆေးရေးနေရာများမှတဆင့် ထိုင်း နိုင်ငံမှ သစ်သီးဝလံများကို ဝင်ခွင့်ပြုမည့်အခြေပြစာချုပ်၌ လက်မှတ်ရေးထိုးရန် ထိုင်းအစိုးရဝန်ကြီးများအဖွဲ့အစည်းအဝေး (ကက်ဘိနက်) က ဆုံးဖြတ်လိုက်ပြီဖြစ် ကြောင်း သိရပါသည်။

တရုတ်နိုင်ငံမှာ ထိုင်းနိုင်ငံမှ သစ်သီးဝလံများ တင်ပို့ခြင်းအတွက် အဓိကဈေးကွက်ကြီးဖြစ်ပြီး သယ်ယူပို့ဆောင်ရာတွင် ဗီယက်နမ် မှတဆင့် တင်ပို့ခြင်းဖြစ်ပါသည်။ သို့ရာတွင် တရုတ်နိုင်ငံ၌ ကပ်ရောဂါအမြင့်ဆုံးဖြစ်နေချိန်အတွင်း ထိုင်းနှင့် ဗီယက်နမ်တို့၏ နယ်စပ်ဝင်ပေါက်များအားလုံးပိတ်ခဲ့ရသဖြင့် နှစ်နိုင်ငံအကြား သစ်သီးဝလံကုန်သွယ်ရေးအပေါ် ထိခိုက်နစ်နာမှုများဖြစ်ခဲ့ရပါသည်။

နယ်စပ်ဝင်ပေါက်များပိတ်ခဲ့ရသဖြင့် နယ်စပ်တလျှောက်ကုန်တင်ယာဉ်များ ကြာမြင့်စွာတန်းစီနေခဲ့ရရာ ၎င်းကို ဖြေရှင်းရန်အတွက် တုန်ရှင်း (Dongxing) နှင့် ပင်းရှန် (Pingxiang) တို့၌ စစ်ဆေးရေးဂိတ် (၂) ခုအား တရုတ်အစိုးရက ယာယီဖွင့်လှစ်ပေးခဲ့ပါသည်။

တရုတ်နှင့် ထိုင်းနိုင်ငံတို့အကြား သစ်သီးဝလံတင်ပို့တင်သွင်းမှုများအတွက် လမ်းကြောင်းများ ပိုမိုအထောက်အကူပြုနိုင်ရန် ၎င်း စစ်ဆေးရေးဂိတ်များအား အမြဲဖွင့်လှစ်သွားရေးအခြေပြစာချုပ်အသစ်ကို ချုပ်ဆိုသွားမည်ဖြစ်ပါသည်။

၎င်းစာချုပ်အား ကပ်ရောဂါကူးစက်မှုများ လျော့ကျသွားပြီးနောက် တရုတ်၏ အကောက်ခွန်ဌာနနှင့် ထိုင်းနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးသွား မည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြထားပါ သည်။

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Fruitnet (၉-၇-၂၀၂၀)

Category: International News