စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း အရောင်းအဝယ် ဖြစ်နေသော စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း(သစ်) စပါး တင်း(၁၀၀) ၅၇၀၀၀၀၀ ကျပ် နှင့် ဆန် တစ်အိတ်၂၂၀၀၀၀ ကျပ်၊ ရွှေဘိုဧရာမင်း(သစ်) စပါး တင်း(၁၀၀) ၃၃၀၀၀၀၀ ကျပ် နှင့် ဆန် တစ်အိတ် ၁၅၀၀၀၀ ကျပ်၊ ကလေး ဧရာမင်း(ဟောင်း) စပါး တင်း(၁၀၀) ၃၆၀၀၀၀၀ ကျပ် နှင့် ဆန် တစ်အိတ် ၁၄၀၀၀၀ ကျပ်၊ ကလေး ဧရာမင်း(သစ်) စပါး တင်း(၁၀၀) ၃၀၀၀၀၀၀ ကျပ် နှင့် ဆန် တစ်အိတ် ၁၂၀၀၀၀ ကျပ်၊ ကလေး ဧည့်မထ(ဟောင်း) စပါး တင်း(၁၀၀) ၃၁၀၀၀၀၀ ကျပ် နှင့် ဆန် တစ်အိတ် ၁၀၀၀၀၀ ကျပ်၊ ကလေး ဧည့်မထ(သစ်) စပါး တင်း(၁၀၀) ၂၅၀၀၀၀၀ ကျပ် နှင့် ဆန် တစ်အိတ် ၈၅၀၀၀ ကျပ်၊ မုံရွာ ဧရာမင်း(ဟောင်း) စပါး တင်း(၁၀၀) ၃၅၀၀၀၀၀ ကျပ် နှင့် ဆန် တစ်အိတ် ၁၇၅၀၀၀ ကျပ် မုံရွာ ဧရာမင်း(သစ်) စပါး တင်း(၁၀၀) ၃၃၀၀၀၀၀ ကျပ် နှင့် ဆန် တစ်အိတ် ၁၆၀၀၀၀ ကျပ်နှင့် မနောသုခ(သစ်) စပါး တင်း(၁၀၀) ၂၂၀၀၀၀၀ ကျပ် နှင့် ဆန် တစ်အိတ် ၉၅၀၀၀ ကျပ်၊ ရွှေဝါထွန်း စပါး တင်း(၁၀၀) ၂၂၀၀၀၀၀ ကျပ်နှင့် ဆန်တစ်အိတ် ၉၅၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။
ယခင်လပေါက်ဈေးနှင့်နှိုင်းယှဉ်ပါက ယခုလတွင် ဆန်၊ စပါးဈေးငြိမ်၍ အရောင်းအဝယ် အေးနေကြောင်းသိရပါသည်။ ဆန်စက်များမှအဝယ်နည်းခြင်းနှင့် အောက်ပိုင်းမှ အဝယ်အေးနေခြင်း တို့ကြောင့် စပါးနှင့်ဆန်ဈေးများငြိမ်ပြီး အရောင်းအဝယ်အေးနေကြောင်းသိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး