ဇွန်လ စတုတ္ထအပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာ ထွက်ကုန်သီးနှံများဖြစ်သော ဂျုံဖြူသန့်၊ ကုလားပဲဖြူလုံးကြီး ဈေးငြိမ်၍ ပဲမျိုးစုံဈေးကွက်တွင် ဂျုံ အထွက်တိုး၊ ပဲစဉ်းငုံ၊ ပြောင်းဖူးစေ့ Cp ၊ ကုလားပဲဖြူလုံးသေးပေါက်ဈေးမှာ အနည်းငယ် ကျဆင်း နေပြီး ကုလားပဲ ထိုင်ဝမ်နှင့် ကုလားပဲ929 ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်နေကြောင်း သိရသည်။
ဇွန်လ စတုတ္ထအပတ်တွင် သီးနှံတစ်တင်း ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၇၆၅၀၀ ကျပ်၊ ဂျုံအထွက်တိုး ၅၈၀၀၀ ကျပ်၊ ပဲစဉ်းငုံ ၉၄၀၀၀ ကျပ်၊ ပဲနီလုံးကြား ၁၂၃၀၀၀ မှ ၁၂၇၀၀၀ ကျပ်၊ ပြောင်းဖူးစေ့ Cp ၂၅၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၇၃၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး ၇၁၀၀၀ ကျပ်၊ ကုလားပဲ 929 ၇၃၁၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၇၂၀၀၀ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။ ယခင်လကုန်ပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၇၆၅၀၀ ကျပ်၊ ဂျုံအထွက်တိုး ၆၀၀၀၀ ကျပ်၊ ပဲစင်းငုံ ၉၅၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး ၈၅၀၀၀ မှ ၉၅၀၀၀ ကျပ်၊ ပြောင်းဖူးစေ့ Cp ၂၅၈၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၇၃၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး ၇၁၅၀၀ ကျပ် ၊ ကုလားပဲ 929 ၇၁၅၀၀ ကျပ်၊ ကုလားပဲထိုင်ဝမ် ၇၁၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။
ယခုတစ်ပတ်နှင့် ယခင်တစ်ပတ် ကာလတူပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက ဂျုံအထွက်တိုး တစ်တင်း ၂၀၀၀ ကျပ်၊ ပဲစဉ်းငုံး တစ်တင်း ၁၀၀၀ ကျပ်၊ ပြောင်းဖူးစေ့ Cp တစ်တင်း ၈၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး ၅၀၀ ကျပ်ခန့် ကျဆင်းနေပြီး ကုလားပဲ 929 တစ်တင်း ၁၆၀၀ ကျပ် ကုလားပဲ ထိုင်ဝမ် တစ်တင်း ၁၀၀၀ ကျပ်ခန့် မြင့်တက်လာကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး