Local News

ပဲဖတ်၊နှမ်းဖတ်၊နေကြာဖတ် ဈေးနှုန်းအခြေအနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်တွင် မြေပဲ၊နေကြာ ဆီကြိတ်ခွဲရာမှ ထွက်ရှိလာသည့် ဆီကြိတ်ဖတ်များကို နေ့စဉ်ရောင်းဝယ်လျှက်ရှိသည်။ မန္တလေးအနီးတစ်ဝိုက်မှ ထွက်ရှိသည့် ဆီကြိတ်ဖတ်များကို မန္တလေးကုန်စည်ဒိုင်တွင် ဈေးကွက်တစ်ခုအဖြစ်ဈေးဖွင့် ရောင်းဝယ်ကြခြင်းဖြစ်သည်။ မြေပဲ၊နှမ်း၊နေကြာ ကုန်ကြမ်းဈေးအနိမ့်အမြင့်နှင့် တိရိစ္ဆာန်အစာဈေးကွက်ပေါ်မူတည်၍ ဆီကြိတ်ဖတ်ဈေးကွက်ပြောင်းလဲဖြစ်ပေါ်ကြောင်း၊တိရိစ္ဆာန်အစာတောင့်စက်ရုံများမှ နေကြာဖတ်အဓိကထားဝယ်ယူပြီး၊ ငါးမွေးမြူရေးလုပ်ငန်းများမှ ပဲဖတ်၊နှမ်းဖတ်ကို အဓိကထားဝယ်ယူ ကြောင်းသိရသည်။

ပဲဖတ်တစ်ပိဿာဈေးနှုန်းမှာ ယခုတစ်ပတ်တွင်ကျပ် ၂၇၅၀မှ ၂၈၀၀၊ယခင်တစ်ပတ်တွင် ကျပ် ၂၇၅၀၊ယခင်လကျပ်၂၉၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ်၅၀၊ ယခင်လထက်ကျပ် ၁၀၀နိမ့်ကျလာသည်။

နှမ်းဖတ်တစ်ပိဿာဈေးနှုန်း ယခုတစ်ပတ်တွင်ကျပ် ၂၁၀၀မှ ၂၁၂၀၊ ယခင်တစ်ပတ်ကျပ် ၂၀၅၀မှ၂၁၀၀၊ ယခင်လကျပ် ၂၀၀၀မှ ၂၁၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀မှ၅၀၊ ယခင်လထက်ကျပ် ၅၀ မြင့်တက်လာသည်။

နေကြာဖတ်တစ်ပိဿာဈေးနှုန်း ယခုတစ်ပတ်တွင်ကျပ် ၁၈၀၀၊ ယခင်တစ်ပတ်ကျပ် ၁၇၅၀မှ ၁၈၀၀၊ ယခင်လကျပ်၁၉၀၀ဖြစ် သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၊ ယခင်လထက်ကျပ် ၁၀၀နိမ့်ကျလာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News