Local News

ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲဆံတို့အား ပြည်ပသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့ရောင်းချမည့်ကုမ္ပဏီများအနေဖြင့် ပို့ကုန်လိုင်စင် ထုတ်ယူရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း အမျိုးမျိုးနှင့် မြေပဲဆံများ ပြည်ပနိုင်ငံများသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်ပို့ခြင်းအတွက် ၁-၇-၂၀၂၂ ရက်နေ့မှစ၍ အမေရိကန်ဒေါ်လာအသုံးပြုသော ပုံမှန်ကုန်သွယ် မှုနည်းလမ်းဖြင့်သာ ပို့ကုန်လိုင်စင်များ ခွင့်ပြုထုတ်ပေးလျှက် ရှိပါသည်။ ယင်းသို့ ပို့ကုန်လိုင်စင် များ စိစစ်ထုတ်ပေးရာတွင် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန် သည်များအသင်း၏ ထောက်ခံချက်ဖြင့် ပို့ကုန်လိုင်စင်ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲဆံများ ပြည်ပတင်ပို့ရန် ပို့ကုန်လိုင်စင်လျှောက်ထား လိုသည့် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း အသင်းဝင် ပို့ကုန်ကုမ္ပဏီများ အနေဖြင့် အသင်းမှသတ်မှတ်ထားသည့် Excel File (MPBMSMA-Export License Endorsement) ပါ အချက်အလက်များအား ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ထားသည် Soft Copy File အား [email protected] သို့ ကြိုတင်ပေးပို့ထားရမည်ဖြစ်ပြီး ကုမ္ပဏီ Letter Head ဖြင့် အသင်းထံ ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန်အတွက် ပို့ကုန်လိုင်စင်ထုတ်ယူခွင့်ရရှိရေးအတွက် ထောက်ခံချက်ပြုပေးပါရန် တင်ပြစာနှင့် ထောက်ခံချက်လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက် စာရွက်စာတမ်းများနှင့်အတူ လာရောက်လျှောက်ထားနိုင်ပါကြောင်း သိရှိရပါ သည်။

မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်လိုင်စင်ထုတ်ယူရရှိရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ Myanmar Trade Net 2.0 (https://myanmartradenet.com) သို့ ဝင်ရောက်၍ မိမိတို့လျှောက်ထားလိုသည့် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့်မြေပဲဆံတို့နှင့် သက်ဆိုင်သည့် အချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက် ၍ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်း၏ ထောက်ခံချက်နှင့်အတူ တင်ပြ လျှောက်ထားရမည်ဖြစ်သည်။ ထောက်ခံချက်လျှောက်ထားရယူရန်နှင့်အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန် သည်များအသင်း၊ Shwe Zabu River View Complex: 23G-1, No. 3B, Tower (A & C), Ground Floor, Strand Road, Ahlone Township, Yangon သို့ ဆက်သွယ် စုံစမ်းနိုင်ပါကြောင်း သတင်းရရှိပါသည်။

MITC News

Category: Local News