International News

ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး မြင့်မားခဲ့ခြင်း

Last Updated:

ကမ္ဘာတစ်ဝှမ်း နိုင်ငံရေးအခြေအနေမတည်ငြိမ်ခြင်း၊ ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများ ပြန်လည်ဖြစ်ပွားခြင်းများနှင့် ရင်ဆိုင်ရလျက် ရှိသော်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးသည် တည်ငြိမ်စွာတိုးတက်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ပထမလေးလပတ်ကာလအတွင်း တရုတ်နိုင်ငံသည် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (Gross Domestic Product- GDP) ယွမ် (၂၇.၀၂) ထရီလီယံ (အမေရိကန်ဒေါ်လာ ၄.၂၄ ထရီလီယံ) ရရှိခဲ့ သည့်အတွက် ပြီးခဲ့သည့်နှစ် ကာလတူကထက် (၄.၈) ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ စတုတ္ထသုံးလပတ်ကာလထက် (၄) ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်း၊ အဆိုပါကာလအတွင်း တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းများမှ ထုတ်လုပ်ထွက်ရှိမှုသည် ပြီးခဲ့သည့်နှစ် ကာလတူကထက် (၆.၅) ရာခိုင်နှုန်း၊ ပုံသေရင်းနှီးမြှုပ်နှံမှုပမာဏသည် (၉.၃) ရာခိုင်နှုန်း၊ လက်လီရောင်းချမှုပမာဏ (၃.၃) ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း၊ တရုတ်အမျိုးသား စာရင်းအင်းဗျူရိုမှ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရှိရပါသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တည်ငြိမ်ခဲ့ခြင်းမှာ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ကပ်ရောဂါထိန်းချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုး တက်မှုများအား ဟန်ချက်ညီအောင် ထိန်းညှိထားကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် ပြန်လည်ခိုင်မာအားကောင်းခဲ့သော်လည်း ၂၀၂၂ ခုနှစ်အစပိုင်းမှစတင်၍ နိုင်ငံတကာအသိုက်အဝန်းတွင် ဖြစ်ပေါ်လျက်ရှိသည့်အခြေအနေများ၊ ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများ ပြန်လည်ဖြစ်ပွားနေခြင်းနှင့် မမျှော်မှန်းနိုင်သည့် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ကျဆင်းနိုင်သည့် အလား အလာများဖြစ်ပေါ်လျက်ရှိပြီး စီးပွားရေးညွှန်းကိန်းများ တိုးတက်မှုနှေးကွေးလျက်ရှိကြောင်း၊ သို့ရာတွင် တရုတ်နိုင်ငံ စီးပွားရေးပြန်လည်နာလန်ထူ လာနိုင်မှုသည် ပြောင်းလဲနိုင်ဖွယ်မရှိဟု တရုတ်အမျိုးသားစာရင်းအင်းဗျူရို (National Bureau of Statistics- NBS) မှ ပြောရေးဆိုခွင့်ရှိသူ Fu Linghui မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Source: https://english.news.cn/20220418/6e25988f2b7a4643a1800285602680b/c.html

 

Category: International News