International News

ဗီယက်နမ်နိုင်ငံရှိ ဘဏ်များက eTax Mobile Application ဝန်ဆောင်မှု (eTax Mobile Service) အား စတင်မိတ်ဆက်

Last Updated:

ဗီယက်နမ်နိုင်ငံအစိုးရသည် အခွန်စည်းကြပ်ကောက်ခံမှုဆိုင်ရာ ပိုမိုလွယ်ကူချောမွေ့ စေရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ ယခုအခါ ဗီယက်နမ်နိုင်ငံ၊ အလုံးစုံ အခွန်စည်းကြပ်ကောက်ခံမှုဦးစီးဌာန (General Department of Taxation-GDT) နှင့် ဗီယက်နမ်နိုင်ငံရှိ ဘဏ်များပူးပေါင်း၍ eTax Mobile Application ကို ဖန်တီးကာ အခွန်ထမ်းများအား စတင်မိတ်ဆက်အသုံးပြုနေပြီ ဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံရှိ ဘဏ်များစွာရှိသည့်အနက် ဘဏ် (၆) ခုသည် eTax Mobile Application မှတဆင့် အွန်လိုင်းအသုံးပြု၍ အခွန်ငွေပေးသွင်းမှုများကို လုပ်ဆောင်နိုင်စေရန် ဘဏ်ဝန်ဆောင်မှုအသုံးပြုသူများအတွက်စာရင်း (Account) များအား စတင်ဖွင့်လှစ်ပေးနေပြီဖြစ်ပါသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့အထိ စာရင်းများအရ BIDV၊ VCB၊ SCB၊ ACB၊ HDBank နှင့် TPBank အပါအဝင် ဘဏ်များသည် eTax Mobile Application မှ တစ်ဆင့် အခွန်အာဏာပိုင် (အခွန်ဝန်ထမ်း) များနှင့်အတူ၎င်းတို့၏ Customer များအတွက် ဗီယက်နမ်ဒေါင် ၁၉၀ ဘီလီယံထက် ပိုမိုများပြားသည့် ပမာဏရှိသည့် အချက်အလက်များအား ပြောင်းရွေ့မှု (Transaction) ၂၉,၀၀၀ ခန့် ပြုလုပ်ခဲ့ပါသည်။

eTax Mobile Payment အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာစေရန် အခြားဘဏ်များရှိ ကိန်းဂဏန်းအချက်အလက်များနှင့်အတူ အထောက်အထားများ မှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အခွန်ထမ်း (အခွန် ပေးဆောင်သူ) များအတွက် သင့်လျော်ကောင်းမွန်သည့် အခြေအနေတစ်ရပ်အား ဖန်တီးပေးရန် ဖြည့်ဆည်းလုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ငွေသား လုံးဝသုံးစွဲခြင်း မရှိသည့်ငွေပေးချေမှုများ (Non-cash Payment) အကောင်အထည်ဖော်ဆောင်ခြင်းနှင့် ၂၀၂၅ ခုနှစ်၊ ဗီယက်နမ်နိုင်ငံ၊ အမျိုးသားဒီဂျစ် တယ်စနစ်ကူးပြောင်းမှုဆိုင်ရာ အစီအစဉ် (National Digital Transformation Programme) တို့ကို တိုးတက်ဖွံ့ဖြိုးလာစေရေး အတွက် စီမံချက်ချမှတ်၍ ဆောင်ရွက်သွားမည်ဟု ဗီယက်နမ်နိုင်ငံ၊ အလုံးစုံအခွန်စည်းကြပ်ကောက်ခံမှုဦးစီးဌာန (The General Department of Taxation-GDT) ၏ ပြောကြား ထားပါသည်။

eTax Mobile Application သည် စီးပွားရေးလုပ်ငန်းများအပါအဝင် တစ်ဦးချင်း အခွန်ထမ်း (အခွန်ပေးဆောင်သူ) များ လုံခြုံစိတ်ချရမှုနှင့် အာမခံချက်ရှိစေရေး အီလက်ထရောနစ်စနစ်ဖြင့် အခွန်စည်းကြပ် ကောက်ခံမှုပေးသည့်ဝန်ဆောင်မှု (Electronic Tax Service) ကိုပေးသော အခွန်လုပ်ငန်းနယ်ပယ် (Tax Industry) ၏ ဝန်ဆောင်မှုအားလုံးကို ပေါင်းစည်းထားသောပလက်ဖောင်း (Integrated Platform) တစ်ခုအတွင်းရှိ ဝန်ဆောင်မှုပေးသည့်လမ်းကြောင်း (Service Channel) တစ်ခုဖြစ်ပါသည်။

အဆိုပါ Application သည် အခွန်ထမ်း (အခွန်ပေးဆောင်သူ) များအတွက် အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်းနှင့် ခေတ်မီအခွန်စည်းကြပ် ကောက်ခံသည့်ဝန်ဆောင်မှုများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့်ပုံစံ (An Ecosystem of Smart Tax Services) တစ်ခုဖြစ်ပေါ်လာစေရေး ဝန်‌ဆောင်မှုများစွာကို ထပ်မံဖြည့်စွက်ခြင်းဖြင့် အဆိုပါ Mobile Application အား တိုးချဲ့လုပ်‌ဆောင်သွားမည်ဟု ဗီယက်နမ်နိုင်ငံ၊ အလုံးစုံအခွန်စည်းကြပ်ကောက်ခံမှုဦးစီးဌာန (GDT) ရှိ Information Technology Department ၏ ညွှန်ကြားရေးမှူးဖြစ်သည့် Pham Quang Toan က ပြောကြားခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံတွင် ယခင်က လုပ်ဆောင်လေ့ရှိသည့် အခွန်ပေးဆောင်ရန် တာဝန်များအတွက် အချက်အလက်များရယူရန် လူကိုယ်တိုင်တွေ့ဆုံခြင်း၊ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ အခွန်အာဏာပိုင်များထံသို့ အီးမေးလ်ပေးပို့ရခြင်း (သို့မဟုတ်) အခွန်ဦးစီးဌာန (GDT) ၏ Website ရှိ အများပြည်သူဆိုင်ရာသတင်းအချက်အလက်များကို ရှာဖွေဖတ်ရှုရခြင်း အစရှိသည်တို့ကိုလုပ် ဆောင်ကြရမည့်အစား ယခုအခါ အခွန်ထမ်း (အခွန်ပေး ဆောင်သူ) သည် အင်တာနက်ချိတ်ဆက်၍ မိုဘိုင်းလ်ဖုန်း (Mobile) (သို့မဟုတ်) Tablet ကို အသုံးပြုကာ eTax Mobile Application တွင် လွယ်ကူလျင်မြန်စွာ ရှာဖွေလုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

အဆိုပါ Mobile Application အား အခြားသော လျှပ်စစ်မီးခ၊ ရေခအစ ရှိသည်တို့ကို ကောက်ခံသည့်ဝန်ဆောင်မှုလုပ်ငန်းများစွာနှင့် ချိတ်ဆက်လိုက်ပါက အခွန်ထမ်း (အခွန်ပေးဆောင်သူ)များအတွက် လက်တွေ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်သော၊ ခေတ်မီ Mobile Application များအဖြစ် စွယ်စုံအသုံးပြုနိုင်မည်ဖြစ်ကာ iOS နှင့် Android ပလက်ဖောင်း နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သော ခေတ်ရှေ့ပြေးရည်မှန်းချက် တစ်ခုဆီသို့  ရည်ရွယ်မှန်းဆ၍ ဖန်တီးတည်ဆောက်ထားခြင်းဖြစ်သည်ဟု အခွန်ဦးစီးဌာန (GDT) က ပြောကြားထားပါသည်။

အခွန်ထမ်း (အခွန်ပေးဆောင်သူ) များအား လွယ်ကူချောမွေ့စေရန် ကြိုးပမ်းလုပ်ဆောင်ပေးခြင်းဖြင့် နိုင်ငံတော်အစိုးရ၏ Non-Cash Payment ရည်မှန်းချက်ကိုလည်း အကောင်အထည်ဖော်ဆောင်ပေးရာ‌ရောက်မည်ဖြစ်ကြောင်း၊ အခွန်ဦးစီးဌာန (GDT) အနေဖြင့်စီးပွားရေးလုပ်ငန်းများအပါအဝင် တစ်ဦးချင်း အခွန်ထမ်း (အခွန်ပေး ဆောင်သူ) များအား အီလက်ထရောနစ်စနစ်ကို အသုံးပြုခြင်းဖြင့် eTax Mobile Application ပေါ်မှတစ်ဆင့် နိုင်ငံတော်သို့ အခွန်ငွေပေးသွင်းမှုများ လွယ်ကူလျင်မြန်စွာ ပေးဆောင်နိုင်စေရန် ဘဏ်အားလုံးနှင့် ချိတ်ဆက်၍ ဆက်လက် လုပ်‌ဆောငသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ယခုအချိန်ထိ ဗီယက်နမ်နိုင်ငံအနှံ့အပြားရှိ အခွန်ရုံးများတွင်အခွန်ထမ်း (အခွန်ပေး ဆောင်သူ) များအား eTax Mobile Application ကို အသုံးပြုနိုင်စေရန် ကူညီလုပ်ဆောင်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

အခွန်လုပ်ငန်းနယ်ပယ်အတွင်းရှိ လူအများ၏ ပြောကြားချက်အရ အီလက်ထရောနစ် ပစ္စည်းများစွာသည် လူအများစု၏ နေထိုင်မှုဘဝများအတွင်းသို့ ချဉ်းနင်းဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်း၊ အီလက်ထရောနစ်စနစ်ဖြင့် အခွန်စည်းကြပ်ကောက်ခံမှုကို အကောင်အထည်ဖော်ဆောင်ရာတွင် စီးပွားရေးလုပ်ငန်းများအပါအဝင် နည်းပညာမြင့်ပစ္စည်းများကို အသုံးမပြုတတ်သော စိုက်ပျိုးမွေးမြူရေး မဟုတ်သည့် (Non-Agricultural) အခွန်ထမ်း (အခွန်ပေးဆောင်သူ) များပင် အရေအတွက် တော်တော်များများ ကျန်ရှိနေသေးကြောင်း၊ သို့သော်လည်း ၎င်းသည် ယာယီအခက်အခဲတစ်ခုမျှသာ ဖြစ်ပြီး အခွန်လုပ်ငန်းနယ်ပယ်အနေဖြင့် အခွန်ဆိုင်ရာ သတင်းအချက်အလက်များကို မျှဝေပေးခြင်းနှင့် လူအများစု Application များအား အသုံးပြုလာစေရေးကို လမ်းညွှန်ပြသပေးခြင်း၊ အထူးသဖြင့် အခွန်ပေးဆောင်ရာတွင် ပိုမိုတက်ကြွစွာဖြင့် လွယ်ကူလျင်မြန်စွာပေး ဆောင်နိုင်စေရေးကို အကူအညီပေးခြင်း အပါအဝင် အခွန်ပေးဆောင်ခြင်းဆိုင်ရာ ဘက်စုံဝန်ဆောင်မှုများကို အာရုံစိုက်လုပ်ဆောင်သွားမည့် အဆိုပါ အကောင်အထည်ဖော်ဆောင်မှုကို မည်သည့်အကျိုး သက်ရောက်မှုရှိနိုင်မည် မဟုတ်ကြောင်း သိရှိရပါသည်။

 

                                                                                                                                                                                          

( ပြည့်ဖြိုးအောင်၊စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)

Source: Viet Nam News

Category: International News