International News

ဗီယက်နမ်နိုင်ငံ၊ Binh Duong ရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းမှုအား ပံ့ပိုးကူညီပေးသွားမည်

Last Updated:

ဗီယက်နမ်နိုင်ငံရှိ ပြည်နယ်လူထုကော်မတီ (People’s Committee) နှင့် စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန (Ministry of Planning and Investment) တို့မှ Binh Duong ရှိ များစွာသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (Small and Medium-Sized Enterprise) များ၏ ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းမှု (Digital Transformation) အား ကူညီပံ့ပိုးပေးသွား မည်ဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံ၊ Binh Duong ပြည်နယ်ရှိ များပြားလှသည့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (Small and Medium-Sized Enterprise) များသည် ၎င်းတို့၏ လုပ်ငန်းလုပ်ဆောင်မှုများအား ဒစ်ဂျစ်တယ်စနစ်သို့ကူးပြောင်းခြင်း (Digital Transformation) ကို ပြည်နယ်လူထုကော်မတီ (People’s Committee) နှင့် စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန (Ministry of Planning and Investment) တို့က ကူညီထောက်ပံ့မှုများပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ၊ လူထုကော်မတီ (People’s Committee)၊ ဒုတိယဥက္ကဋ္ဌ Nguyen Van Danh ၏ ပြောကြားချက်အရ Binh Duong ပြည်နယ်တွင် စီးပွားရေးလုပ်ငန်း ၅၇,၀၀၀ ကျော်ရှိပြီး ၎င်းတို့အထဲမှ ၉၇ ရာခိုင်နှုန်းမှာ SME လုပ်ငန်းများ ဖြစ်ကြပါသည်။

ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားခဲ့စဉ် SME လုပ်ငန်းပေါင်း ၉၀ ရာခိုင်နှုန်းကျော်သည် မိရိုးဖလာဈေးကွက် (Traditional Market) သို့ ပြန်လည်ပြောင်းလဲ သွားခြင်းနှင့် ထုတ်လုပ်မှုလျော့ကျခြင်းများအဖြစ် ဆိုးဝါးစွာထိခိုက်ခဲ့ရပါသည်။ SME လုပ်ငန်းများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းလုပ်ဆောင်မှုများအားပြောင်းလဲရန် ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းသည့်နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများ လိုအပ်နေပြီး လုပ်ငန်းလုပ်ဆောင်မှု ပတ်ဝန်းကျင်အသစ်၌ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရမည် ဖြစ်ပါသည်။

ကပ်ရောဂါကြောင့် လိုလားချက် (Demand) မြင့်တက်လာသည့်အပြင် လုပ်သားရှားပါးပြတ်လပ်မှုပြဿနာကိုလည်း ဖန်တီးဖြစ်ပေါ်စေခဲ့ပြီးနောက် SME လုပ်ငန်းများ ရှင်သန်နိုင်ရန်နှင့် အချိန်တိုအတွင်း ထိရောက်စွာ လုပ်ငန်းလုပ်ဆောင်နိုင်ရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာအသုံးချမှုကို တိုးမြှင့်လာစေရန် လိုအပ်သည်ကို သိမြင်လာစေပါသည်။

ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းခြင်း (Digital Transformation) သည် အခြေခံကျ သည့်လုပ်ငန်းလုပ်ဆောင်မှုပုံစံများအား ပြုပြင်ပြောင်းလဲ၍ အကျိုးကျေးဇူးများစွာကို ရရှိစေပြီး စီးပွားရေးလုပ်ငန်းတစ်ခု၏ လုပ်ငန်းလုပ်‌ဆောင်မှု ဧရိယာများအားလုံးသို့ ဒစ်ဂျစ်တယ် နည်းပညာပေါင်းစပ်မှုတစ်ခုမျှသာ ဖြစ်ပါသည်။

ယခုအချိန်သည် SME လုပ်ငန်းများ၏ စီမံအုပ်ချုပ်မှုများ၌ နည်းပညာအသုံးချရန်နှင့် ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းရမည့်အချိန်သို့ ရောက်ရှိနေပြီဖြစ်ပြီး အဆိုပါ ကူးပြောင်းမှု၌ဖြစ်ပေါ်လာသည့်အခက်အခဲ၊ အတားအဆီးများကို ကျော်လွှားနိုင်ရန် အတွက် သက်ဆိုင်ရာမူဝါဒများအား လျင်မြန်စွာ ချမှတ်ပေးသွားရန်လိုအပ်သလို ၎င်းတို့၏ လုပ်ငန်းလုပ်ဆောင်မှုများပြန်လည်စတင်ရန် မဖြစ်မနေလိုအပ်ကြောင်း၊ အထူးသဖြင့် SME လုပ်ငန်းများ၌ နည်းပညာပြောင်းလဲမှုကို ပြုလုပ်ရမည်ဟု ကျွမ်းကျင်သူများက ပြောကြားထားပါသည်။

ဒီဂျစ်တယ်စနစ်သို့ ကူးပြောင်းခြင်း (Digital Transformation) အား လက်ခံ ယုံကြည်လာရန် ဆွဲဆောင်စည်းရုံးရမည်ဖြစ်ပြီး ပြည်နယ်အုပ်ချုပ်ရေးအနေဖြင့် SME များအနေဖြင့် ဆန်းသစ်တီထွင်နိုင်ရန်နှင့် ဖြစ်ပေါ်လာနိုင်ချေရှိသည့်ဥပဒေရေးရာ ဆုံးရှုံးနစ်နာမှုများမှ ကြိုတင်ရှောင်ရှားနိုင်ရန်အတွက် ကူညီပံ့ပိုးပေးရန် ဥပဒေမူဘောင် (Legal Framework) တစ်ခုကို ဖန်တီးပေးရမည်ဟု ဗီယက်နမ်နိုင်ငံ၊ လူထုကော်မတီ ၏ ဒုတိယဥက္ကဋ္ဌက ပြောကြားထားပါသည်။

SME စီးပွားရေးလုပ်ငန်းများကို တွန်းအားပေးပြီး ၎င်းတို့အနေဖြင့် နည်းပညာအသစ်များကို အသုံးချရန် အခြေအနေများဖန်တီးပေးသော မူဝါဒများနှင့် ဒစ်ဂျစ်တယ်စနစ်သို့ကူးပြောင်းခြင်း (Digital Transformation) ကိုလိုအပ်ကြောင်းနှင့် အထူးသဖြင့် ထုတ်ကုန်အသစ်များကို စမ်းသပ်ထုတ်လုပ်ခြင်းအား ခွင့်ပြုပေးခြင်းနှင့် ဥပဒေရေးရာအခက်အခဲ၊ အတားအဆီးများအား ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်သည့် နည်းပညာများကို ခွင့်ပြုပေးရမည်ဟု ကျွမ်းကျင်သူများက ပြောကြားထားပါသည်။

Binh Duong ပြည်နယ်အနေဖြင့် နည်းပညာကုမ္ပဏီကြီးများ ဖွံ့ဖြိုးတိုးတက်လာစေ ရေးကို အားပေးမြှင့်တင်ရန် လိုအပ်ပြီး လူမှုအသိုက်အဝန်းအတွင်း ဒီဂျစ်တယ်စနစ်သို့ ကူးပြောင်းခြင်း (Digital Transformation) နှင့် ဒစ်ဂျစ်တယ်နည်းပညာ (Digital Technology) များ၏ အကျိုးကျေးဇူးများကို သိရှိရန် အသိပညာပေးလုပ်ငန်းများ မြှင့်တင်လုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် ထို့အပြင် SME စီးပွားရေးလုပ်ငန်းများ၏ ဆုံးရှုံးနိုင်ချေများအား လျှော့ချမှုများကို အကူအညီပေးရန် ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းခြင်း (Digital Transformation) အတွက် အခြေခံစံနှုန်း (Basis Standard) များကို ချမှတ်ရမည်ဟု ကျွမ်းကျင်သူများက မှတ်ချက်ပြုထားပါသည်။

တီထွင်ဆန်းသစ်နိုင်သည့် ပေါ်ထွန်းစစီးပွားရေးလုပ်ငန်း (Start-up) များကို တွန်းအားပေးအထောက်အပံ့ဖြစ်စေရန်နှင့် ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းခြင်း (Digital Transformation) အတွက် လိုအပ်သော လူသားအရင်းအမြစ်ဖွံ့ဖြိုးလာစေရန် မူဝါဒများအား ကောင်းမွန်စွာ အသုံးချနိုင်သော နည်းပညာအခြေခံအဆောက်အအုံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လိုအပ်ပါသည်။

SME များအတွက် ထောက်ပံ့မှုကွင်းဆက်ချိတ်ဆက်မှုများတိုးတက်လာရန်နှင့် SME များဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (US Agency for International Development-USAID) သည် စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ Binh Duong ပြည်နယ်တို့နှင့်အတူ USAID Linkages for Small and Medium Enterprises အမည်ရှိ အစီအစဉ်တစ်ခုကို နီးကပ်စွာပါဝင် အကောင်အထည်ဖော်ဆောင်လျက်ရှိပါသည်။

ကမ္ဘာလုံးဆိုင်ရာ SME တန်ဖိုးမြှင့်ကွင်းဆက်အပါအဝင် နိုင်ငံတကာသို့ ပေါင်းစည်းနိုင်ရန် ၎င်းတို့၏ စွမ်းဆောင်ရည်ကိုမြင့်တင်ခြင်းအားဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စီးပွားရေးလုပ်ငန်းများတိုးတက်လာစေရန် လုပ်ငန်းစတင် အကောင်အထည်‌ဖော်ခြင်းဆိုင်ရာ စီမံအုပ်ချုပ်မှုလုပ်ငန်းစဉ်များအတွက် ကုန်ကျစရိတ်များကို လျော့ချခြင်းကို ဖြစ်ပေါ်စေမည့် အဖွဲ့အစည်းများအား ပြန်လည်မွမ်းမံပြင်ဆင်ဖွဲ့စည်းခြင်းနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများကို ရိုးရှင်းလွယ်ကူစေခြင်းတို့ဖြင့် လုပ်ငန်းလုပ်ဆောင်မှုပတ်ဝန်းကျင်အသစ်ကို နည်းစနစ်တကျ ပြောင်းလဲပေးသွားရမည်ဖြစ်ပါသည်။

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ ထုတ်ပြန်ချက်များအရ ဗီယက်နမ်နိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment-FDI) သည် သမိုင်းဝင်အဆင့်များသို့ ရောက်ရှိနေခဲ့ပြီး အကန့်အသတ်ဖြစ်နေသည့် ဗီယက်နမ် SME လုပ်ငန်းများ၏ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ချိတ်ဆက်မှုကြောင့် ပြည်တွင်း စီးပွားရေးအတွက် ပိုလျှံစွာရှိနေပြီးဖြစ်သော အကျိုးကျေးဇူးများကို ဆိုးကျိုး သက်ရောက်မှုများ ရှိလာနိုင်ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ အစီအစဉ်သည် ဗီယက်နမ် SME လုပ်ငန်းများနှင့် ဗီယက်နမ်နိုင်ငံရှိ ဦးဆောင် ကုမ္ပဏီကြီးများအကြား Supplier-Buyer ဆက်သွယ်ဆောင်ရွက်မှုများကို ပံ့ပိုးကူညီပေးရန်နှင့် ကုန်ထုတ်လုပ်မှု ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တွင် ပါဝင်ဖြည့်ဆည်းနိုင်ရေး ဗီယက်နမ် SME လုပ်ငန်းများ၏ စွမ်းဆောင်ရည်များချဲ့ထွင်ရန်အတွက် ဗီယက်နမ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်း (Business Association) များ၊ ပို့ကုန်ဖွံ့ဖြိုးတိုးတက်မှုစင်တာ (Export Development Center) များနှင့် SME လုပ်ငန်းများမြှင့်တင်ရေးအေဂျင်စီ (SME Promotion Agency) တို့ကဲ့သို့သော ကြားခံအဖွဲ့အစည်းများ၏ လုပ်ဆောင်နိုင်စွမ်းများကို အားပေးမြှင့်တင်ခြင်းဖြင့် အဆိုပါကွာဟမှုကို ဖြေရှင်း ဆောင်ရွက်သွားရန် ရည်ရွယ်ထားပါသည်။

Binh Duong ပြည်နယ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၄၀၃ ခု ရှိပြီး ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆.၈ ဘီလီ ယံရှိပါသည်။

 

                              

( ပြည့်ဖြိုးအောင်၊စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)

Category: International News