Local News

မကွေးကုန်စည်ဒိုင်ခန်းမတွင် အရောင်းအဝယ်များ ပြန်လည်ပြုလုပ်

Last Updated:

မကွေးကုန်စည်ဒိုင်ခန်းမတွင် အရောင်းအဝယ်များ ပြန်လည်ပြုလုပ်

        ယနေ့မကွေးကုန်စည်ဒိုင်ခန်းမတွင် ကုန်သည်လုပ်ငန်းရှင်များ အနေဖြင့် သီးနှံမျိုးစုံ အရောင်းအဝယ်ဖြစ်နေတာကို တွေ့ရပါတယ်။ မကွေးကုန်စည်ဒိုင်တွင် တစ်စုတစ်စည်းတည်း အရောင်းအဝယ်ပြုလုပ်တဲ့အတွက် အဆင်ပြေနေ ကြောင်းလည်းသိရှိရပါတယ်။  ယနေ့မှာ နှမ်းညိုကြားအနေဖြင့် ဆီစက်လုပ်ငန်းရှင်များမှ အဝယ်ရှိနေသဖြင့် စျေးတက် လာတာကိုတွေ့ရှိရပြီး ကျန်နှမ်းများကတော့ ပုံမှန်အရောင်းအဝယ် ဖြစ်နေတာကို တွေ့ရပါတယ်။ ပဲမျိုးစုံအနေဖြင့် ပဲစဉ်းငုံကတော့ လိုအပ်ချက်ရှိနေတဲ့အပြင် လက်ကျန်လည်းနည်းချိန်ဖြစ်၍ စျေးကတော့ အတက်ဘက်မှာ ရှိနေပါတယ် ပဲတီစိမ်းကတော့ တရုတ်ဝယ်လက်ရှိတဲ့အတွက် စျေးအနည်းငယ်တက်လာကာ ကုလားပဲအုပ်စုကတော့ စျေးမာနေပြီး မြေပဲဆံစျေးကတော့ တရုတ်ဘက်မှ အဝယ်လိုက်နေတဲ့အတွက် စျေးတက်နေတာလည်းဖြစ်တယ်လို့ ကုန်သည်အသိုင်း အဝိုင်းက သုံးသပ်တာကိုတွေ့ရပါတယ်။

  ယခုတစ်ပတ်နှမ်းစျေးနှုန်းအနေနဲ့ နှမ်းညိုကြား ၄၅ပိဿာ(၃)တင်းဝင်(၁)အိတ်လျှင် ယခင်နေ့ ကျပ်(၁၆၅ဝဝဝ)စျေး ဖြစ်ပြီး ယနေ့မှာတော့ ကျပ်(၁၈၅ဝဝဝ)စျေး ဖြစ်တဲ့အတွက် (၂ဝဝဝဝ)ကျပ်စျေးတက်ကာ အရောင်းအဝယ်ဖြစ်လျှက် ရှိပါသည်။ ပဲမျိုးစုံအနေဖြင့် ပဲတီစိမ်း(၁၉)ပိဿာ (၁)တင်းလျှင် ယခင်နေ့ ကျပ်(၄၆ဝဝဝ)စျေးဖြစ်ပြီး ယနေ့ကျပ် (၄၇ဝဝဝ)စျေးဖြစ်တဲ့အတွက် (၁ဝဝဝ)၊ ကုလားပဲ(929) (၁၉)ပိဿာ(၁)တင်းလျှင် ယခင်နေ့ကျပ်(၄၉ဝဝဝ)စျေးဖြစ်ပြီး ယနေ့ကျပ်(၄၉၅ဝဝ)စျေးဖြစ်တဲ့အတွက်(၅ဝဝ)ကျပ်၊ ကုလားပဲ(HL) (၁၉)ပိဿာ(၁)တင်းလျှင် ယခင်နေ့ကျပ် (၄၈ဝဝဝ) စျေးဖြစ်ပြီး ယနေ့ကျပ်(၄၈၅ဝဝ)စျေးဖြစ်တဲ့အတွက် (၅ဝဝ)ကျပ်၊ ကုလားပဲ(သေး) (၁၉)ပိဿာ(၁)တင်းလျှင် ယခင် နေ့ကျပ်(၄၄၅ဝဝ)စျေးဖြစ်ပြီး ယနေ့ကျပ်(၄၆ဝဝဝ)စျေးဖြစ်တဲ့အတွက် (၁၅ဝဝ)ကျပ်တို့ စျေးအသီးသီးတက်ခဲ့ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မြေပဲဆံစျေးနှုန်းအနေဖြင့် မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ယခင်နေ့(၄၆ဝဝ)ကျပ် စျေးဖြစ်ပြီး ယနေ့(၅ဝဝဝ)ကျပ်စျေးဖြစ်တဲ့အတွက်(၄ဝဝ)ကျပ်၊ မြေပဲလုံးဆံဖြူ (၁)ပိဿာလျှင် ယခင်နေ့(၄၈ဝဝ)ကျပ် စျေးဖြစ်ပြီး ယနေ့(၅ဝဝဝ)ကျပ်စျေးဖြစ်တဲ့အတွက် (၂ဝဝ)ကျပ်တို့ စျေးများတက်ကာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။

                                                                                                                        ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News