Local News

မကွေးကုန်စည်ဒိုင်တွင် တစ်ပါတ်အတွင်း နှမ်းမျိုးစုံစျေးတက်

Last Updated:

မကွေးကုန်စည်ဒိုင်တွင် တစ်ပါတ်အတွင်း နှမ်းမျိုးစုံစျေးတက်

ရက်စွဲ၊ ၃၀..၂၀၂၂

            မကွေးတိုင်းဒေသကြီး၊ မကွေးကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံအရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။ တစ်ပတ်အတွင်းကာလတူ (၂၂.၆.၂၀၂၂)ရက်နေ့နှင့် နှိုင်းယှဉ်ပါက အရည်အသွေးနှင့် ဝယ်လိုအား ကြောင့် နှမ်းစျေးများမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။  နှမ်းနက်စမုံ(မကွေး) (၄၅)ပိဿာ(၁)အိတ် လျှင် ယခင်နေ့တွင် (၂၀၅၀ဝဝ)ကျပ်စျေး၊ ယနေ့(၂၁၅၀ဝဝ)ကျပ်စျေး ဖြစ်သည့်အတွက် (၁၀၀ဝဝ)ကျပ်၊ နှမ်းဂွနက်(ရိုးရိုး) (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်နေ့တွင် (၁၆၀၀ဝဝ)ကျပ် ယနေ့(၁၆၅၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၅၀ဝဝ)ကျပ်၊ နှမ်းဖြူ(မ‌ကွေး) သစ်(၄၅)ပိဿာ(၁)အိတ်လျှင် ယခင်နေ့တွင် (၁၇၅၀ဝဝ)ကျပ်စျေး၊ ယနေ့(၁၉၂၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၁၇၀ဝဝ)ကျပ်၊ နှမ်းနီ(၄၅)ပိဿာ (၁)အိတ်လျှင် ယခင်နေ့တွင်(၁၆၈၀ဝဝ)ကျပ်စျေး၊ ယနေ့(၁၇၅၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၇၀ဝဝ)ကျပ်၊ နှမ်းညိုကြား(၄၅)ပိဿာ (၁)အိတ်လျှင် ယခင်နေ့တွင်(၁၆၀၀ဝဝ)ကျပ်စျေး၊ ယနေ့ (၁၆၈၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၈၀ဝဝ)ကျပ်၊ နှမ်းဖြူ(ဂျပန်) (၄၅)ပိဿာ(၁)အိတ်လျှင် ယခင် နေ့တွင်(၁၇၅၀ဝဝ)ကျပ်စျေး၊ ယနေ့(၁၉၅၀ဝဝ) ကျပ်စျေးဖြစ်သည့်အတွက် (၂၀၀ဝဝ)ကျပ်အသီးသီး စျေးတက်ကာ အရောင်းအဝယ်ဖြစ်လျှက်ကြောင်း သိရှိရပါ သည်။

 

                                                                                                                                                                ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News