(၃ -၃ -၂၀၂၀) ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊
ရက်စွဲ၊ ၃.၃.၂၀၂၀
မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်( ၂၅-၂-၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်ဂွနက်/ရိုးရိုး (၅၀၀၀/) ၊ နှမ်းဖြူ(၃၀၀၀/-)(၄၀၀၀/-) ၊နှမ်းဖြူ-ရေသွင်း(၂၀၀၀/-)(၃၀၀၀/-) ၊နှမ်းနီ(၄၀၀၀/-)၊ နှမ်းညိုကြား (၂၀၀၀/-) ကျပ် စျေးတက်ပြီး အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၈၅၀ မှ ၁၀၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၂၅-၂-၂၀၂၀ ) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲလွန်းဝါသေး (၂၈၀၀/-)၊ ပဲကြီးမဲ (၃၅၀၀/-) ၊စားတော်ပဲ(၅၀၀/-) ကျပ် စျေးတက်ပြီး ကုလားပဲ (929) ( ၅၀၀/- )၊ ကုလားပဲ (HL) (၁၄၀၀/- ) ၊ ကုလားပဲသေး(၁၀၀၀/-) ၊ ပဲထောပတ်(၂၅၀၀/-) ၊ ပဲစဉ်းငုံ (သစ်) (၅၀၀/-) ၊ မတ်ပဲ (၇၀၀/-) ကျပ် စျေးကျ ကာ ကျန် ပဲမျိုးစုံ စျေး များ အပြောင်း အလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်( ၂၅-၂-၂၀၂၀ )ရက်စျေးနှုန်းထက် မြေပဲလုံးဆံနီ(လိုင်း)(၁၀၀/-) ကျပ်စျေးတက်ပြီး မြေပဲလုံးဆံဖြူ(လိုင်း)၊ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး) မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၂၅.၂.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၁၃၀/-) ကျပ်စျေးကျပြီး၊ နှမ်းဆီ၊ မြေပဲဆီ၊အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။
ဆန်
မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၂၅.၂.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်၊ ပေါ်ဆန်းမွှေးဖျာပုံ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။