Local News

မတ်ပဲဈေးဆက်ကျနေ

Last Updated:

ယခင်သီတင်းပတ်ကအတိုင်း မတ်ပဲဈေးများအကျဘက်မှာပဲဆက်ရှိနေတယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်အတွင်းမှာ မတ်ပဲဈေး တစ်တင်းလျှင် ကျပ် ၆၀၀၀၀ တန်းမှာရှိခဲ့ပေမယ့် ယခု သီတင်းပတ်မှာတော့ အချို့ရက်တွေမှာ ကျပ် ၆၀၀၀၀ အောက်ကိုကျဆင်းခဲ့ပြီး သီတင်းပတ် နောက်ဆုံးရက်တွေမှာ ကျပ် ၆၀၀၀၀ အထက် ပြန်လည်ရောက်ရှိလာပါတယ်။

ယခုသီတင်းပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မတ်ပဲဈေးနှုန်းများကတော့ အောက်တိုဘာလ ၇ ရက် နေ့မှာ တစ်တင်းလျှင် ကျပ် ၅၈၇၀၀၊ ၈ ရက်နေ့မှာ ကျပ် ၅၉၈၀၀၊ ၁၀ ရက်နေ့မှာ ကျပ် ၆၀၂၀၀၊ ၁၁ ရက်နေ့မှာ ကျပ် ၅၉၅၀၀၊ ၁၂ ရက်နေ့မှာကျပ် ၅၉၈၀၀၊ ၁၃ ရက်နေ့မှာကျပ် ၆၁၀၀၀ အသီးသီး ဖြစ်ခဲ့ပါတယ်။

ယခုသီတင်းပတ်နောက်ဆုံးရက်တွေမှာ ရွှေဈေးနဲ့ ဒေါ်လာဈေးအနည်းငယ်ပြန်တက်လာခဲ့ ပြီး မတ်ပဲဈေးနှုန်းလည်း အနည်းငယ်ပြန်တက်လာတာ တွေ့ရပါတယ်။ အိန္ဒိယနိုင်ငံ မတ်ပဲ ဈေးကွက်မှာတော့ မတ်ပဲအသစ်တွေ အဆက်မပြတ်ဝင်နေပြီး ပြည်တွင်းပေါက်ဈေး တကွမ်တယ်ကို Rs 50-100 ဈေးတက်လာပါတယ်။

မြန်မာမတ်ပဲ SQ/FAQ က CIF ဈေး 10$ ဈေးတက်လာပြီး ယခင် FOB ဈေး $780 နဲ့ မတ်ပဲ FAQ ကွန်တိန်နာ ၄၀၀ တင်သွင်းထားပြီးဖြစ်ကြောင်း၊ ပဲစဉ်းငုံလီမွန်ကလည်း အလားတူ $10 ဈေးမြင့်လာကြောင်း၊ အိန္ဒိယ ဝယ်လက်တွေက မြန်မာမတ်ပဲ၊ ပဲစဉ်းငုံကို ဆက်လက်ဝယ်ယူသွားဖို့ စိတ်ဝင်တစားရှိနေကြောင်း AGRI WORLD MUMBAI ကထုတ်ပြန်ထားပါတယ်။

အိန္ဒိယနိုင်ငံဟာ မကြာသေးမီကပဲ မိုဇမ်ဘစ် နိုင်ငံကနေ ပဲစဉ်းငုံတန်ချိန် ၂၀၀၀၀ ကျော် ဝယ်ယူတင်သွင်းထားပြီး မြန်မာပဲစဉ်းငုံ ဝယ်ယူတင်သွင်းမှုအတွက် ယှဉ်ပြိုင်မှုဖြစ်လာနိုင်ပါတယ်။

အိန္ဒိယပြည်တွင်းဈေးကွက်ကို ဝင်နေတဲ့ ပြည်တွင်းမတ်ပဲတွေက အရည်အသွေးညံ့ပြီး ရေငွေ့ပါဝင်မှုပိုများတဲ့အတွက် ပဲခွဲစက်အများစုကတော့ အရည်အသွေးကောင်းတဲ့ မြန်မာမတ်ပဲကိုပဲ ဝယ်ယူဖို့ပိုမိုစိတ်ဝင်တစားရှိနေကြောင်း၊ လက်ရှိမြန်မာမတ်ပဲဈေးနှုန်းကတော့ ပြည်တွင်းငွေကြေး ဈေးနှုန်းပေါ်မှာ ဆက်လက်မူတည်နေကြောင်း သိရပါတယ်။

Category: Local News