Local News

မန္တလေးကုန်စည်ဒိုင် တွင် နှမ်းဈေးနှုန်း မြင့်တက်လာ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ဈေးကွက်အဝင်မရှိသော်လည်းလှောင်လက်နှမ်းများလက်ကျန်နည်း၍ဈေးမြင့်လာပြီး၊ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း၊နှမ်းဖြူ၊နှမ်းညိုတစ်အိတ်လျှင်ယခင် တစ်ပတ်ထက်ကျပ်၁၀၀၀၀မှ၃၀၀၀၀ မြင့်တက်လာကြောင်းသိရသည်။

နှမ်းဖြူ(ရိုးရိုး) ၄၅ပိဿာ ဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၂၈၀၀၀၀မှ ၂၈၅၀၀၀၊ယခင်တစ်ပတ်ကျပ် ၂၅၀၀၀၀  မှ ၂၇၀၀၀၀ ၊ ယခင်လ ကျပ် ၃၂၀၀၀၀ မှ ၃၂၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက် ကျပ် ၁၅၀၀၀ မှ ၃၀၀၀၀ ၊ ယခင်လထက် ကျပ် ၄၀၀၀၀ နိမ့်ကျလာသည်။                                                                            နှမ်းညို ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ်၂၃၀၀၀၀မှ၂၄၀၀၀၀၊ယခင်တစ်ပတ်ကျပ် ၂၂၀၀၀၀ မှ ၂၃၀၀၀၀ ၊ ယခင်လ ကျပ် ၂၄၅၀၀၀ မှ ၂၅၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက် ကျပ် ၁၀၀၀၀ မြင့်တက်လာပြီး၊ ယခင်လထက် ကျပ်၁၅၀၀၀နိမ့်ကျလာသည်။                                                                                         နှမ်းနက်(စမုံ) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၃၃၀၀၀၀၊ယခင်တစ်ပတ်ကျပ်၃၀၀၀၀၀၊ယခင်လ ကျပ်၃၂၀၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ် ၃၀၀၀၀မြင့်တက်လာပြီး ၊ ယခင်လ ထက် ကျပ် ၁၀၀၀၀ မြင့်တက် လာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

 

 

 

Category: Local News