Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ၏ ယခင်လကုန်နှင့်ယခုလကုန် နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

နှမ်း(မျိုးစုံ)

နှမ်းမျိုးစုံ ယခုလကုန် တစ်တင်းလျှင် နှမ်းဖြူ (၈၇၀၀၀-၉၀၀၀၀)ကျပ်၊နှမ်းနက် (၉၀၀၀၀) ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၇၉၅၀၀)ကျပ်ရှိပြီး ယခင်လကုန် ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းဖြူ (၆၂၀၀၀-၆၅၀၀၀)၊ နှမ်းနက် တစ်တင်းလျှင် (၆၀၀၀၀- ၇၀၀၀၀)ကျပ်၊  နှမ်းညို တစ်တင်းလျှင် (၆၁၀၀၀-၆၂၀၀၀) ကျပ် ပေါက်ဈေးရှိပြီး  ယခုလကုန်နှင့် ယခင်လကုန်နှိုင်းယှဉ်ပါက နှမ်းဖြူ တစ်တင်းလျှင် (၂၅၀၀၀)ကျပ်ခန့်၊နှမ်းနက် တစ်တင်းလျှင် (၂၀၀၀၀)ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၁၇၅၀၀)ကျပ်ခန့် မြင့်တက်လာကြောင်းသိရပါသည်။

မြေပဲလုံးဆံ

ယခုလကုန် မြေပဲလုံးဆံပေါက်ဈေးများမှာ လုံးဆံဖြူ တစ်ပိဿာ (၆၆၀၀မှ၆၇၀၀)ကျပ်၊ လုံးဆံနီ တစ်ပိဿာ (၆၄၀၀မှ၆၅၀၀)ကျပ်၊ဆီဆံဖြူ တစ်ပိဿာ (၆၃၀၀)ကျပ်ရှိပြီး ယခင်လကုန် ကာလတူအချိန်တွင်  လုံးဆံဖြူ တစ်ပိဿာ (၅၄၀၀-၅၆၀၀)ကျပ်၊ လုံးဆံနီ တစ်ပိဿာ (၅၄၇၅)ကျပ်ပေါက်ဈေးရှိပါသည်။  ယခုလကုန်နှင့် ယခင်လကုန်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် (၁၁၀၀)ကျပ်၊ လုံးဆံနီ တစ်ပိဿာလျှင် (၁၀၂၅)ကျပ်ခန့် မြင့်တက်လာကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News