Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ၏ ယခုတစ်ပတ်နှင့် ယခင်ကာလတူနှိုင်းယှဉ်မှု

Last Updated:

နှမ်း(မျိုးစုံ)

နှမ်းမျိုးစုံ ယခုတစ်ပတ် တစ်တင်းလျှင် နှမ်းဖြူ (၉၇၅၀၀)ကျပ်၊ နှမ်းနက် (၉၈၀၀၀)ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၇၈၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ် ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းဖြူ (၉၇၀၀၀)၊ နှမ်းနက် တစ်တင်းလျှင် (၉၈၀၀၀)ကျပ်၊နှမ်းညို တစ်တင်းလျှင် (၇၆၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်နှင့် ယခင် တစ်ပတ်နှိုင်းယှဉ်ပါက နှမ်းနက် ဈေးငြိမ်နေပြီး၊ နှမ်းဖြူနှင့် နှမ်းညိုဈေးနှုန်းများ အနည်းငယ်မြင့်တက်လာ ကြောင်းသိရပါသည်။

မြေပဲလုံးဆံ

ယခုတစ်ပတ် မြေပဲလုံးဆံပေါက်ဈေးများမှာ လုံးဆံဖြူ တစ်ပိဿာ (၆၁၀၀-၆၂၀၀)ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ (၆၆၅၀-၆၈၅၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၅၇၀၀-၅၈၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ် ကာလတူအချိန်တွင်  လုံးဆံဖြူ တစ်ပိဿာ (၆၀၀၀-၆၂၀၀)ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ (၆၆၀၀-၆၇၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ(၅၅၀၀)ကျပ်ပေါက်ဈေးရှိပါသည်။ယခုတစ်ပတ်နှင့် ယခင်ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ၊ မြေပဲလုံး ဆံနီ၊ ဆီဆံဖြူ ဈေးနှုန်းများ အနည်းငယ်မြင့်တက်နေကြောင်းသိရပါသည်။ ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင်တွင် ပဲဆီ တစ်ပိဿာလျှင် (၁၁၅၀၀-၁၂၀၀၀) ကျပ် ပေါက်ဈေးရှိကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာ

Category: Local News