Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံပေါက်ဈေးနှုန်း နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဂျုံ

       ယခုတစ်ပတ်အတွင်းမှာ ဂျုံသီးနှံပေါက်ဈေးနှုန်းသည် ဂျုံဖြူသန့် တစ်တင်းလျှင် (၄၄၅၀၀-၄၅၅၀၀) ကျပ်၊ ဂျုံထွက်တိုးတစ်တင်းလျှင် (၄၄၀၀၀) ကျပ် ပေါက်ဈေးရှိပါသည်။ ယခင်တစ်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၄၄၀၀၀-၄၅၀၀၀)ကျပ်၊ဂျုံထွက်တိုး တစ်တင်း (၄၃၅၀၀) ကျပ်ရှိ၍ ယခုတစ်ပတ် ကာလတူပေါက်ဈေးဖြင့် နှိုင်းယှဉ်ပါက ဂျုံဖြူသန့် နှင့် ဂျုံထွတ်တိုးတစ်တင်းလျှင်(၅၀၀)ကျပ်ခန့်ဈေးမြင့်လာကြောင်းသိရပါသည်။

ပဲစဉ်းငုံ

       ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၄၆၈၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ (၄၆၀၀၀) ကျပ်ရှိ၍   ယခင်တစ်ပတ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင် (၈၀၀)ကျပ် မြင့်တက်လာကြောင်းသိရပါသည်။

မတ်ပဲ

       မတ်ပဲသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၂၅၀၀)ကျပ်ဖြစ်ပြီး ယခင်တစ်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ (၅၂၀၀၀) ကျပ်ဖြစ်၍ ယခင်တစ်ပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မတ်ပဲ တစ်တင်းလျှင် (၅၀၀) ကျပ်ခန့် ဈေးမြင့်လာကြောင်းသိရပါသည်။

ပဲတီစိမ်း

       ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  ၄၄၀၀၀  ကျပ်၊ ယခင်တစ်ပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ ပဲတီစိမ်း(ကြီး) တစ်တင်း ၄၅၅၀၀ ကျပ် ရှိပါသည်။ ယခင်တစ်ပတ် ကာလတူပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်တင်းလျှင် (၁၅၀၀)ကျပ်ခန့် ဈေးပြန်ကျလာကြောင်းသိရပါသည်။

ကုလားပဲ(မျိုးစုံ)

       ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး (၅၃၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၅၃၅၀၀)ကျပ်၊ 929  (၄၉၇၀၀) ကျပ်ပေါက်ဈေးရှိပြီး ယခင်တစ်ပတ် ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး (၅၂၅၀၀)ကျပ်၊ ကုဖြူလုံးသေး(၅၂၅၀၀) ကျပ်၊ 929 တစ်တင်းလျှင် (၄၉၈၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခင်တစ်ပတ် ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက  ကုလားပဲမျိုးစုံပေါက်ဈေးများမှာ ဈေးအနည်းငယ် ဈေးမြင့်လာကြောင်းသိရပါသည်။

နှမ်း(မျိုးစုံ)

     နှမ်းမျိုးစုံ ယခုတစ်ပတ်အတွင်း တစ်တင်းလျှင် နှမ်းဖြူ (၆၀၀၀၀မှ၆၅၀၀၀) ကျပ်၊ နှမ်းနက်တစ်တင်း (၆၀၀၀၀မှ၇၀၀၀၀)ကျပ်ထိ၊ နှမ်းညို တစ်တင်းလျှင် (၆၁၀၀၀မှ၆၂၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းဖြူ(၆၀၀၀၀မှ၆၅၀၀၀) ကျပ်၊ နှမ်းနက်တစ်တင်း (၆၀၀၀၀မှ၇၀၀၀၀)ကျပ်ထိ၊ နှမ်းညို တစ်တင်းလျှင် (၅၈၀၀၀မှ၆၀၀၀၀)ကျပ် ပေါက်ဈေးရှိပြီး  ယခင်တစ်ပတ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက နှမ်းဖြူနှင့်နှမ်းနက်ဈေးများမှာ ဈေးငြိမ်နေပြီး   နှမ်းညိုပေါက်ဈေးမှာ တစ်တင်းလျှင် (၂၀၀၀)ကျပ်ခန့် မြင့်တက်လာကြောကြောင်းသိရပါသည်။

ပြောင်းဖူးစေ့(CP)၊ ပြောင်းနီ၊ ဆန်ပြောင်းဖြူ

      ယခုတစ်ပတ်အတွင်း ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၃၅၀၀) ကျပ်၊ ပြောင်းနီတစ်တင်း (၁၄၀၀၀)ကျပ်၊ ဆန်ပြောင်းဖြူ တစ်တင်း (၁၄၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်တစ်ပတ် ကာလတူအချိန်တွင် ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၃၆၀၀) ကျပ်၊ ပြောင်းနီတစ်တင်း (၁၄၀၀၀)ကျပ်၊ ဆန်ပြောင်းဖြူ တစ်တင်း (၁၄၀၀၀)ကျပ် ရှိ၍ ယခင်တစ်ပတ်ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ပြောင်းဖူးစေ့(စီပီ)  ပေါက်ဈေးမှာ အနည်းငယ်ဈေးကျပြီး ပြောင်းနီနှင့်ဆန်ပြောင်းဖြူပေါက်ဈေးမှာ ဈေးငြိမ်နေကြောင်းသိရပါသည်။

မြေပဲလုံးဆံ

   ယခုတစ်ပတ်အတွင်း မြေပဲလုံးဆံပေါက်ဈေးများမှာ လုံးဆံဖြူ တစ်ပိဿာ (၅၂၀၀မှ၅၄၀၀)ကျပ်၊ လုံးဆံနီ တစ်ပိဿာ (၅၂၀၀မှ၅၄၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ် ကာလတူအချိန်တွင်  လုံးဆံဖြူ တစ်ပိဿာ (၄၈၀၀မှ၄၉၀၀)ကျပ်၊ လုံးဆံနီ တစ်ပိဿာ (၄၈၅၀မှ၄၉၅၀)ကျပ်ပေါက်ဈေးရှိပါသည်။ ယခင်တစ်ပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက တစ်ပိဿာ (၅၀၀)ကျပ်ခန့် မြင့်တက်လာကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News