International News

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်အား Roshni Myanmar Co., Ltd ၏ မန်နေဂျင်းဒါရိုက်တာ လာရောက်တွေ့ဆုံ

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်အား Roshni Myanmar Co., Ltd ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Mr. Md.Tauhidur Rashid ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ (၁၃:၀၀) နာရီတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံခဲ့ပါသည်။

Roshni Myanmar Co., Ltd သည် ရန်ကုန်မြို့ရှိ ငါးများကို ဝယ်ယူ၍ အအေးခန်း သိုလှောင်ရုံ ငှားရမ်းကာ ပြုပြင်ထုတ်လုပ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အရှေ့အလယ်ပိုင်းနိုင်ငံများ ဖြစ်သည့် ကာတာနိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စု(ဒူဘိုင်းမြို့)များသို့ တင်ပို့ ရောင်းချလျှက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်၊ ဆားနှင့် ပဲတို့ကို တင်ပို့ ရောင်းချရန်အတွက် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး လာရောက်တွေ့ဆုံခြင်း ဖြစ်ပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်များ G to G စနစ်ဖြင့် တင်ပို့ရောင်းချနိုင်ခဲ့ပြီး ထပ်မံတင်ပို့ရောင်းချနိုင်ရန်၊ ရခိုင်ပြည်နယ်ဆားလုပ်ငန်းရှင်အသင်း သည် တစ်နှစ်လျှင် ဆားကြမ်း တန်ချိန် ၃၂၀,၀၀၀ ထွက်ရှိသဖြင့် ဆားကြမ်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရေးကိစ္စတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ

Category: International News