International News

ယခုနှစ်တွင် ထိုင်းနိုင်ငံအနေဖြင့် ပြည်ပသို့လုပ်သား (၅၀,၀၀၀) စေလွတ်ရန် ရှိနေခြင်း

Last Updated:

ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ အခြေအနေ တိုးတက်ကောင်းမွန်လာပြီးသည့်နောက် ယခုနှစ်အတွင်း ထိုင်းနိုင်ငံအနေဖြင့် ပြည်ပသို့ အလုပ်သမား (၅၀,၀၀၀) စေလွှတ်သွားရန် အလုပ်သမားဝန်ကြီးဌာနက ရည်မှန်းထားကြောင်း သိရှိရပါသည်။

ဝန်ကြီးဌာနနှင့် အလုပ်သမားအကျိုးဆောင်ကုမ္ပဏီ (၁၂၇) ခုတို့အကြား မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သောအစည်းအဝေးတွင် အဆိုပါရည်မှန်း ချက်အား လူသိရှင်ကြားထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်အကိုင်ရရှိရေးဌာန Department of Employment (DOE) ရုံး၏ အဆိုအရ သိရှိရပါသည်။

အဆိုပါအစည်းအဝေးသို့ အလုပ်အကိုင်ရရှိရေးဌာန Department of Employment (DOE) ရုံး၏ ညွှန်ကြားရေးမှူးချုပ် Pairoj Chotikasathien လည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံအများအပြားအနေဖြင့် ၎င်းတို့၏ အလုပ်သမားတင်သွင်း ရန်အစီအစဉ်များ ကို နှောင့်နှေးစေခဲ့ပြီး  ခရီးသွားလာခွင့်ဆိုင်ရာ ကန့်သတ်ချက်များကို ချမှတ်ခဲ့ကြ ကြောင်း သိရှိရပါသည်။

သို့သော်လည်း ယခုအခါတွင် ကန့်သတ်ချက်များကို ကြီးမားစွာဖြေလျှော့ပေးခဲ့ကြ ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အလုပ်သမားအများအပြားအား ပြန် လည်စတင် တင်ပို့ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင် ပြည်ပသို့အလုပ်သမား (၅၀,၀၀၀) ခန့် စေလွှတ်ရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အစည်းအဝေးတွင် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း အစည်းအဝေးတွင် ထိုင်းရွှေ့ပြောင်းအလုပ်သမားများအတွက် လူမှုဖူလုံရေးနှင့် တရားဉပဒေဆိုင်ရာ အကာအကွယ်ပေးရေးကဏ္ဍများ ဆွေးနွေးခဲ့ကြပြီး အဆိုပါကဏ္ဍများအနေဖြင့် တိုးတက်လာလိမ့်မည်ဖြစ် ကြောင်း၊ အစိုးရအနေဖြင့် ပြည်ပသို့ လုပ်သားတင်ပို့မှုကို တိုးချဲ့ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း သိရှိရပါသည်။

သံတမန်ဆက်ဆံရေး  ပုံမှန်ပြန်ဖြစ်ပြီးနောက် ဆော်ဒီအာရေးဗျနိုင်ငံ၊   ဂျပန်နိုင်ငံများနှင့် အလုပ်သမားတင်ပို့မှုဆိုင်ရာ  သဘောတူညီချက်များကို လက် မှတ်ရေးထိုးခဲ့ကြောင်း  သိရှိရပါသည်။ တစ်ချိန်တည်းမှာပင် ဩစတြေးလျနိုင်ငံနှင့် လယ်ယာလုပ်ငန်းဗီဇာအစီအစဉ်တစ်ခုကိုလည်း လုပ်ဆောင်နေ ကြောင်း၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် အလုပ်သမားတင်ပို့မှုအစီအစဉ်များကိုလည်း အကောင်အထည်ဖေါ်ဆောင်ရွက်လျှက်ရှိနေကြောင်း သိရှိ ရပါသည်။
အွန်လိုင်းတွင် မှားယွင်းသောအလုပ်ကြော်ငြာများဖြင့် လိမ်လည်လုပ်ဆောင်မှုများလည်း
များပြားနေကြောင်း Mr. Suchart ကမှတ်ချက်ပြုပြောကြား ခဲ့ကြောင်း သိရှိရပါသည်။ အခြားသော တိုင်းပြည်များတွင် အင်တာနက်မှ လိမ်လည်လှည့်ဖျားသည့် ဂိုဏ်းဖြင့်လူအများသည် လိမ်လည်လှည့်စားမှုများ ကို ခံနေရကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

Category: International News