International News

ရေနံချက်လုပ်ငန်းများ၏အလားအလာနှင့် သက်ဆိုင်သည့် ကမ္ဘောဒီးယား- ကိုရီးယားနှစ်နိုင်ငံ ကုန်သွယ်ရေး စာချုပ်ချုပ်ဆို

Last Updated:

ကမ္ဘောဒီးယား- ကိုရီးယား နှစ်နိုင်ငံ ကုန်သွယ်ရေး စာချုပ် (CKFTA) အား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် လက်မှတ်ရေးထိုးနိုင်ရန် အဆိုပြုဆွေးနွေးခဲ့ကြပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် အတည်ပြု လက်မှတ်ရေးထိုးရန်လျာထားပြီးဖြစ်ပါသည်။

CKFTA အရ ကိုရီးယားနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် ၉၅.၆ ရာခိုင်နှုန်း အခွန် ကင်းလွတ်ပေးရန်နှင့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့်လည်း ကိုရီးယားမှတင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် ၉၃.၈ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပေးရန် အပြန်အလှန် သဘောတူညီထားသည့်အတွက် အဆိုပါစာချုပ်သည် နှစ်နိုင်ငံအကြားကုန်သွယ်ရေး တိုးမြှင့်ပေးနိုင်မည့် စာချုပ်တစ်ခု ဖြစ်သည်။

နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏသည် တန်ဖိုးအားဖြင့် ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၈၅ သန်း ထိ ရှိခဲ့ပြီး၊ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၆၅ သန်း (၉ ရာခိုင်နှုန်း) ထိ တိုးမြင့်လာခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော် တင်သွင်းခဲ့ပြီး အရှေ့အာရှနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၃၄၁ သန်းအထိ တင်ပို့ခဲ့သည်။

CKFTA အရ ကမ္ဘောဒီးယားနိုင်ငံသည် ‘plus one business model’ အသုံးပြု၍ အလားအလာရှိသော ရေနံချက်လုပ်ငန်းများတွင် တန်ဖိုးမြင့်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်မည်ဖြစ်ပြီး ကိုရီးယားကုမ္ပဏီများ အနေဖြင့်လည်း တရုတ်နိုင်ငံတွင်သာမက ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံများအထိပါ ၎င်းတို့၏ ရောင်းလိုအား တိုးမြှင့်နိုင်မည်ဖြစ်သည်။

CKFTA သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြင့်စေရန်ရည်ရွယ်သည့် ကိုရီးယားနိုင်ငံ၏ ‘New Southern Policy’ အောက်တွင် အကျုံးဝင်သည့် ကုန်သွယ်ရေး စာချုပ်တစ်ခု ဖြစ်ပါသည်။

 

 

 

 

လဲ့လဲ့နှင်း(MYANTRADE)

Source: ASEANBriefing

https://www.aseanbriefing.com/news/the-cambodia-south-korea-free-trade-agreement-increasing-potential-for-downstream-sectors/

Category: International News