Local News

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဆင်းပွဲအခမ်းအနားကို ၇-၉-၂၀၂၂ ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါ အစည်းခန်းမ၌ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ဒေါ်နော်မူတာကပေါ တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

သင်တန်းဆင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ်က မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့် ပြည်ပပို့ကုန်မြှင့်တင်ရေးအတွက် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာဝန်ဆောင်မှုများ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး /ပြည်နယ်များ၊ ပုဂ္ဂလိကကဏ္ဍမှလုပ်ငန်းရှင်များ၊  ပြည်ပနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ဆောင်ရွက် နေရသဖြင့် ယခုလိုသင်တန်းမှာ မိမိတို့ဌာနအတွက် အကျိုးရှိကြောင်း၊  ဦးစီးဌာနများမှ လက်တွေ့ဆောင်ရွက်လျှက်ရှိပြီး သိသင့် သိထိုက်သောဘာသာရပ်များကို သင်တန်းသားများကို ရွေးချယ်ပို့ချပေးခဲ့ကြောင်း၊ သင်တန်းတက်ရောက်ခွင့်မရတဲ့ လုပ်ဖော် ကိုင်ဖက်များကိုလည်း ပြန်လည်ဝေမျှပေးဖို့မှာကြားလိုကြောင်း၊ နောင်တွင်လည်းယခုကဲ့သို့သင်တန်းမျိုးကို ထပ်မံဖွင့်လှစ် ပေးမှာဖြစ်ကြောင်းနှင့် သင်တန်းမှရရှိခဲ့တဲ့ အသိပညာဗဟုသုတများကို လုပ်ငန်းခွင်မှာ ပိုမိုစွမ်းဆောင်ရည်မြင့်မားစွာ ပြန်လည် အသုံးချ  ဆောင်ရွက်နိုင်မယ်လို့ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

သင်တန်းဆင်းပွဲတွင်  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာနအသီးသီးမှ နည်းပြများ၊ တာဝန်ရှိသူများနှင့် နေပြည်တော်နှင့် ပြည်နယ်/တိုင်း ဒေသကြီးများမှ သင်တန်းသား/သူ စုစုပေါင်း(၃၆)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၂)ပတ် ကြာပို့ချ ပေးခဲ့ပါသည်။

Category: Local News