ဈေးကွက်ဈေးနှုန်း

အမျိုးသားပို့ကုန်မဟာဗျူဟာရှိ ရော်ဘာလုပ်ငန်းကဏ္ဍ လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပခြင်း

Last Updated:

အမျိုးသားပို့ကုန်မဟာဗျူဟာ၏ ရွေးချယ်ထားသော ဦးစားပေးကဏ္ဍများအလိုက်  အကောင်အထည် ဖော်မည့်ကာလကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၅ နှစ်ကာလ သတ်မှတ်လျာထား ဆောင်ရွက်လျက် ရှိပြီးဆက်လက်၍ရော်ဘာလုပ်ငန်းကဏ္ဍသည်၂၀၂၀-၂၀၂၅တွင် ဦးစားပေးကဏ္ဍတစ်ခုအဖြစ်အကောင် အထည်ဖော် ဆောင်ရွက်သွားရန်အတွက် ရွေးချယ်ဆောင်ရွက်ပြီး ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့အစည်း အဝေးကို ၂၀၁၉ ခုနှစ် ၊ဇူလိုင်လ ၅ ရက်နေ့တွင် နံနက် (၁၃:၀၀) နာရီ မှ ညနေ (၁၄:၃၀) အထိ ရန်ကုန် မြို့၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေးဝန်ကြီးဌာန ၊ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်းကြီးဌာနမှအဆင့်မြင့်အရာရှိများ၊သစ်အခြေခံ ပရိဘော ဂ လုပ်ငန်းရှင်များအသင်းတို့မှ တာ၀န်ရှိသူများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိသူများတက် ရောက်ခဲ့ကြပါသည်။

အစည်အဝေးတွင် နိုင်ငံ၏ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၅ နှစ်တာကာလ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ၂၀၂၀- ၂၀၂၅ စီမံချက်အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာကို ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် တရားမဝင် ကိစ္စရပ်များအတွက် စည်းမျဉ်းစည်းကမ်းများနှင့်ဥပဒေမူဘောင်များကို ရွေးချယ်ချမှတ် လုပ်ဆောင်ရန် နှင့်ရော်ဘာအခေါက်ထိန်းသိမ်းရာတွင် နည်းပညာပံ့ပိုးမှုလိုအပ်ချက်များကြောင့်လက်ရှိတွင်နည်းပညာ နည်းပါးနေသည့်အတွက်ကြောင့်အထွက်နှုန်းနည်းပါးနေမှုများကိုထည့်သွင်းဆွေးနွေးပြောကြားခဲ့ပါ သည်။

 

                                                                                                                                        NES Unit