မအူပင်ခရိုင်သည် စပါးနှင့် သားငါးများကို အဓိကထုတ်လုပ်သော ဒေသဖြစ်သည်။ ဆန်နှင့်ဆန်ကွဲများကို ရန်ကုန်သို့ အဓိကပို့ပြီးမှ ပြည်ပသို့ တင်ပို့ကြသည်။ သားငါးကဏ္ဍတွင် ငါးမွေးမြူရေးကို အဓိကထားလုပ်ကိုင်ပြီး ပြည်ပသို့ ငါးရှဥ့်များ အများဆုံးတင်ပို့ရောင်းချလျက်ရှိသည်။
မအူပင်ခရိုင်ရှိ ဆန်စက်များမှ ကြိတ်ခွဲထွက်ရှိသော ဆန်နှင့်ဆန်ကွဲများကို ရန်ကုန်မြို့ရှိ စက်မှုဇုန်များနှင့် ဆိပ်ကမ်းများသို့ ကုန်းလမ်းဖြင့် အဓိက ပို့ဆောင်ကြသည်။ ပြည်ပတင်ပိုမှုမှာ ရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် တရုတ်၊ အာဆီယံနှင့် အခြားနိုင်ငံများသို့ ကုမ္ပဏီများမှတဆင့် ရေကြောင်း၊ နယ်စပ်ကုန်သွယ်ရေးတို့ဖြင့် ဆက်လက် တင်ပို့ကြသည်။ ပေါင်ဆန် အနေဖြင့် ပြည်ပဝယ်လိုအားပေါ်မူတည်၍ အချို့သော ပေါင်းဆန်များကိုလည်း ပြည်ပသို့ တင်ပို့လေ့ရှိကြောင်း သိရသည်။
ညောင်တုန်းမြို့နယ် ကုမ္ပဏီများမှ ဆန်များကို ၁/၂၀၂၆ မှ ၆/၂၀၂၆ အထိ တင်ပို့သော ရွှေဝါနဒီစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီမှ ဆန် ၄၆၃၇၇ တန်၊ ညောင်တုန်းမြို့နယ် YOMA Sun Co., Ltd မှ ၉၄၉၂ တန်၊ ညောင်တုန်းမြို့နယ် The PerPetual Co.,Ltd မှ တင်ပို့မှု ၁၉၀၉တန်၊ ညောင်တုန်းမြို့နယ် Good BrotherCo., Ltd မှ ၂၉၀၉၆ တန်၊ ဓနုဖြူမြို့နယ် GoldDelta Co.,Ltd ၁၆၀၅၈ တန် တင်ပို့ကြောင်း သိရသည်။
ဆန်ကွဲများကို တင်ပို့သော ကုမ္ပဏီများမှာ ညောင်တုန်းမြို့နယ် ရွှေဝါနဒီစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီမှ (၁၄၄၃၉)တန်၊ ညောင်တုန်းမြို့နယ် YOMA Sun Co., Ltd မှ (၂၁၁၀) တန်၊ ညောင်တုန်းမြို့နယ် The PerPetual Co.,Ltd မှ တင်ပို့မှု (၁၅၂၅)တန်၊ ညောင်တုန်းမြို့နယ် Good BrotherCo., Ltd မှ (၂၀၀၁၄) တန်၊ ဓနုဖြူမြို့နယ် GoldDelta Co.,Ltd (၇၀၄၅) တန် တင်ပို့ကြောင်း သိရသည်။
ပေါင်းဆန်များကိုတင်ပို့သောကုမ္ပဏီများမှာညောင်တုန်းမြို့နယ် ရွှေဝါနဒီစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီမှ (၁၉၄) တန်၊ ညောင်တုန်းမြို့နယ် The PerPetual Co.,Ltd မှ (၁၈၀၀)တန် တင်ပို့ကြောင်း သိရသည်။
မတ်ပဲကို ပဲနှမ်းအသင်းမှ ၅၂၀၀၀ တန်၊ ပဲတီစိမ်းကို ပဲနှမ်းအသင်းမှ ၁၁၀၀ တန်၊ ပြောင်းအသင့်းမှ အစြေထုတ်ပြောင်းကို ၆၂၀၀ တန် တင်ပို့ကြောင်း၊ ငါးမျိုးစုံကို ဝါဝါဝင်ကုမ္ပဏီမှ ငါးကို ၅၄ တန်တင်ပို့ ကြောင်း၊ နယ်မြေစာရင်း ကုမ္ပဏီများမှ ပေးပို့သောစာရင်းအရ သိရှိရပါသည်။
Source: https://www.doca.gov.mm/