Local News

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများနှင့်ပတ်သက်သည့် အစည်းအဝေးပြုလုပ်ခြင်း

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းဦးဆောင်၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ကူညီပေးရေးစင်တာ (MSME Help Desk) လုပ်ငန်းများကို စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း‌ဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဗဟိုဌာနတာဝန်ခံများအား ရှင်းလင်းဆွေးနွေးခြင်း အစည်းအဝေးအား (Virtual System) ဖြင့် (၃၁-၁-၂၀၂၃) ရက်နေ့၊ အင်္ဂါနေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရုံးအမှတ်(၃)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်းကုန်သွယ်မှုဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဗဟိုဌာနတာဝန်ခံများ စုစုပေါင်း (၃၂) ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ကူညီပေးရေးစင်တာ (MSME Help Desk) လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးလုပ်ငန်း စီမံချက်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းခြင်းများနှင့် အစည်းအဝေး တက်ရောက်လာသူများမှ သိရှိလိုသည်များအား ရှင်းလင်းဆွေးနွေးခဲ့ကာ အစည်းအဝေးကို (၁၁:၄၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                                                                ပြည်တွင်းကုန်သွယ်မှုဌာနခွဲ

Category: Local News