International News

အိန္ဒိယနိုင်ငံရှိ ဆန်တင်ပို့သူများသည် ကမ္ဘာ့ဝယ်လက်များထံမှ ဝယ်လိုအားမြင့်တက်လာမှု

Last Updated:

အိန္ဒိယနိုင်ငံသည် ဆန်အပေါ် ပို့ကုန်ခွန် ၂၀ ရာခိုင်နှုန်းသတ်မှတ်ပြီး သုံးလကြာပြီးနောက် အိန္ဒိယဆန်တင်ပို့သူများက ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအား မြင့်တက်လာသည်ကို တွေ့မြင်လာကြပါသည်။ နိုင်ငံတကာဝယ်လက်များက ပို့ကုန်အခွန်မဆောင်မီက ဖြစ်ခဲ့သည့် တစ်တန်လျှင် ကန်ဒေါ်လာ ၃၃၀ နှင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာ၄၀၀ ဈေးပေးလိုကြပါသည်။

ပြည်တွင်းဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်ရန် အစိုးရကဆန်အပေါ် ပို့ကုန်ခွန်ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ အိန္ဒိယနိုင်ငံရှိ  စပါးစိုက်ပျိုးသည့် UP၊ Bihar၊ Jharkhand၊ West Bengal အပါအဝင် ပြည်နယ်အချို့တွင် မိုးရရှိမှုနည်းပါးခဲ့ခြင်းကြောင့် မနှစ်က မိုးရာသီစိုက်ပျိုးမှုဧရိယာထက် ၅.၆၂ ရာခိုင်နှုန်းသို့ကျဆင်းကာ ဟက်တာ ၃၈.၃၉ သန်းရှိခဲ့ပါသည်။ အိန္ဒိယဆန်သည် နိုင်ငံတကာဈေးကွက်တွင် တစ်တန်လျှင် ကန်ဒေါ်လာ ၅၀၀ ရှိသော ထိုင်းဆန်ထက် ဈေးသက်သာသော်လည်း ဝယ်သူများသည် ပို့ကုန်အခွန်အတွက် ကျခံပေးရလျက်ရှိနေသည်။
ကမ္ဘာ့ဝယ်လိုအားမြင့်တက်လာမှုကြောင့် အိန္ဒိယနိုင်ငံ၏ ဘာစမာတီမဟုတ်သော ဆန်အမျိုးအစားများ တန်ချိန် ၁၅ ဒသမ၅ သန်း တင်ပို့နိုင်ခဲ့ပြီး  ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းသာလျော့နည်းခဲ့ပါသည်။ အစောပိုင်းက ယူဆထားချက်အရ ပို့ကုန်အခွန်ကောက်ခံခဲ့ပြီးနောက် ဆန်တင်ပို့မှုကျဆင်းပြီး ဆန်တန်ချိန် ၁၂-၁၃ သန်းသာ တင်ပို့နိုင်မည်ဟုထင်ခဲ့ကြကြောင်း  အိန္ဒိယနိုင်ငံ ဆန်တင်ပို့သူများအသင်း  ဥက္ကဋ္ဌ BV Krishna Rao ကပြောသည်။ 

 

 
(ရီရီဝင်း ၊ MYANTRADE)
Source: https://economictimes.indiatimes.com/news/economy/agricul ture/rice-exporters-see-surge-in-demand-from-global-buyers/article sho /98131347.cms

 

Category: International News