International News

အိန္ဒိယနိုင်ငံသည် စပါး သန်း ၇၀ ကျော်ဝယ်ယူရန် တောင်သူများထံ အနိမ့်ဆုံး ထောက်ပံ့ငွေ (MSP) ရူပီး ၄၅.၈၄၅ ကုဋေ ပေးဆောင်

Last Updated:

ယခု မုတ်သုံရာသီတွင် စပါးဝယ်ယူမှုသည် တန်ချိန်သန်း ၇၀ ကျော်သွားခဲ့ပြီး တောင်သူ များထံသို့ MSP ရူပီး ၁၄၅၈၄၅ ကုဋေ ပေးဆောင်ခဲ့ကြောင်း တာဝန်ရှိသူများက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ စားသုံးသူရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ၂၀၂၂-၂၀၂၃ မုတ်သုံရာသီသီးနှံအတွက် ဖေဖော်ဝါရီလ ၂၀ရက်နေ့အထိ စပါးတန်ချိန် ၇၀.၂ သန်းကျော် စပါးဝယ်ကို  ချောမွေ့စွာဝယ်ယူရရှိခဲ့ပြီးဖြစ်သည်။

စပါးကို အနိမ့်ဆုံးထောက်ပံ့ငွေဖြင့် ဝယ်ယူရာတွင် လယ်သမားများ၏ ငွေစာရင်းများသို့ တိုက်ရိုက်ငွေလွှဲပေးပြီး ရူပီး ၁၄၅၈၄၅ ကုဋေဖိုးရှိခဲ့ရာ လယ်သမား ၉၆ သိန်းကျော်သည် အကျိုး ခံစားခွင့်ရရှိခဲ့ကြပါသည်။

ဝယ်ယူရေးလုပ်ငန်းများအတွက် အစီအစဉ်များအားလုံးကို အရှုပ်အရှင်းကင်းကင်းဖြင့်  ဝယ်ယူထားရှိကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ ဗဟိုအစိုးရ၏ စားနပ်ရိက္ခာဝယ်ယူရေးကော်ပိုရေးရှင်း(Central Pool) သည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ ဝယ်ယူထားသည့် စပါးများမှ ဆန်တန်ချိန် ၂၁.၈ သန်း သယ်ယူပြီးဖြစ်သည်။ Central Pool သည် လက်ရှိတွင် နိုင်ငံလိုအပ်ချက်အတွက် လုံလောက်သော ဆန်စပါးများကို သိုလှောင်ထားပြီးဖြစ်သည်။

၂၀၂၁-၂၀၂၂ မုတ်သုံရာသီသီးနှံတွင် စပါးတန်ချိန် ၇၄.၉ သန်း(ဆန်တန်ချိန် ၅၀.၃သန်း) ဝယ်ယူခဲ့၍ ၂၀၂၂-၂၀၂၃ မုတ်သုံရာသီသီးနှံအတွက် စပါးတန်ချိန် ၇၆.၅၄၃ သန်း (ဆန်တန်ချိန် ၅၁.၄ သန်း) ထိ ဝယ်ယူရန်ခန့်မှန်းခဲ့ခြင်းဖြစ်သည်။

၂၀၂၂-၂၃ ဆောင်းရာသီသီးနှံအတွက် စပါးဝယ်ယူမှုခန့်မှန်းချက်သည် မတ်လ ၁ ရက်နေ့တွင် ကျင်းပမည့် စားနပ်ရိက္ခာအတွင်းရေးမှူးများ အစည်း အဝေးတွင် အပြီးသတ်ဆွေးနွေးမည်ဖြစ်သည်။ ဆောင်းစပါးဝယ်ယူမှုပြီးဆုံးပါက ၂၀၂၂-၂၃ တစ်ခုလုံးအတွင်း စပါး တန်ချိန်သန်း ၉၀ ခန့်ဝယ်ယူနိုင်မည်ဟု ခန့်မှန်းထားသည်။

 

 

(ရီရီဝင်း၊ MYANTRADE)

Source:https://www.business-standard.com/article/ markets/ paddy-procurement-over-70-mn-tonnes-rs-1-45-845-crore-msp-paid-to-farmers-123022100934_1.html

 

 

Category: International News