International News

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခြင်း

Last Updated:

အိန္ဒိယနိုင်ငံအစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာနသည် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက် (FTA) များအရ ပြည်တွင်းသို့ အကောက်ခွန်သက်သာစွာဖြင့် တင်သွင်းခွင့်ပြုသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ပင်ရင်းနိုင်ငံစည်းမျဉ်းများဆိုင် ရာ လုပ်ထုံးလုပ်နည်းများကို ၂၁.၈.၂၀၂၀ နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန် သတ်မှတ်ခဲ့ပါသည်။

၁၉၆၂ ခုနှစ် အကောက်ခွန်အက်ဥပဒေဖြင့် အခွင့်အာဏာအပ်နှင်းထားရှိမှုကို အသုံးပြုလျက် ယခုပြဌာန်းလိုက်သော ပင်ရင်းနိုင်ငံစည်းမျဉ်းများဆိုင်ရာလုပ်ထုံး လုပ်နည်းအသစ်များအရ အိန္ဒိယသွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် အိန္ဒိယနိုင်ငံ နှင့် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက် လက်မှတ်ရေးထိုးထားသော နိုင်ငံများမှ တင်သွင်းလာသည့် ကုန်စည်များအပေါ် အခွန်သက်သာမှုခံစားခွင့်ရ ရှိလိုပါက သွင်းကုန်ကြေညာလွှာတင်ပြချိန်တွင် ပင်ရင်းနိုင်ငံသက်သေခံ လက် မှတ်နှင့်အတူ အခြားလိုအပ်သော အချက်အလက်များကို တစ်ပါတည်း ဖြည့်စွက် တင်ပြရမည်ဖြစ်ပါသည်။ ထို့အပြင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက တောင်းဆိုပါက တင်ပြနိုင်ရန်အတွက် သွင်းကုန်လုပ်ငန်းရှင်သည် တင်ပို့သည့် နိုင်ငံ၌ တန်ဖိုးမည်မျှ ထပ်ဆင့်တိုးမြှင့် ပါဝင်သည်ဟူသောအချက် အပါအဝင် တင်သွင်းသည့်ကုန်စည်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ရယူစုစည်းထားရှိရမည်ဖြစ်ပြီး ၅ နှစ်တာကာလအထိ ထိန်းသိမ်းထားရှိရမည် ဖြစ်ပါသည်။

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာတွင် သွင်းကုန်လုပ်ငန်းရှင်မှ တင်ပြသည့် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်သည် သတ်မှတ်ထားသည့် ပုံစံနှင့် ကိုက်ညီမှုမရှိခြင်း သို့မဟုတ် အချက်အလက် ပြည့်စုံစွာဖော်ပြထားမှုမရှိခြင်း၊ ၎င်းသက်သေခံလက်မှတ်အား မူလထုတ်ပေးသည့် သက်ဆိုင်ရာနိုင်ငံရှိ အာဏာ ပိုင်အဖွဲ့အစည်း၏ မှန်ကန်ကြောင်းဖော်ပြချက်မပါရှိပဲ တစ်နည်းနည်းဖြင့်ပြောင်း လဲပြင်ဆင်ထားခြင်း၊ ၎င်းသက်သေခံလက်မှတ်သည် သက်တမ်းကုန်ဆုံးလျက်ရှိ ခြင်းတို့ကို တွေ့ရှိရပါက တာဝန်ခံအရာရှိသည် မည်သည့်တိုက်ဆိုင်စစ်ဆေးခြင်း ကိုမျှမပြုပဲ အခွန်သက်သာမှုခံစားခွင့်ကို ငြင်းပယ်နိုင်ကြောင်း၊ အကောက်ခွန် ရှင်းလင်းမှုလုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း သို့မဟုတ် ၎င်းလုပ်ငန်းပြီး မြောက်ချိန်တွင် အခွန်သက်သာခွင့်ပြုရန် လျှောက်ထားသည့်သွင်းကုန်သည် ပင် ရင်းနိုင်ငံစည်းမျဉ်းနှင့်ကိုက်ညီမှုမရှိဟု ယုံကြည်ဖွယ်အကြောင်းရှိပါက တာဝန်ခံ အရာရှိသည် လိုအပ်သောအချက်အလက်၊ အထောက်အထားများကို တင်ပြရန် သွင်းကုန်လုပ်ငန်းရှင်ထံ တောင်းဆိုနိုင်ကြောင်း၊  ထို့အပြင် တင်ပို့သည့်နိုင်ငံရှိ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ထုတ်ပေးသော အာဏာပိုင်အဖွဲ့အစည်းမှ ပေး ပို့ထားသည့် ရုံးတံဆိပ်၊ အရာရှိလက်မှတ်များ၏ နမူနာများနှင့် ကွဲလွဲမှုရှိသည်ဟု သံသယဖြစ်ဖွယ်ရှိပါက ၎င်းသက်သေခံလက်မှတ်အား သက်ဆိုင်ရာနိုင်ငံရှိ အာ ဏာပိုင်နှင့် တိုက်ဆိုင်စစ်ဆေးခြင်းကို ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားပါ သည်။

အိန္ဒိယအစိုးရ၏ ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ လုပ်ထုံးလုပ်နည်းသစ်များသည် တတိယနိုင်ငံများ၏ အရည်အသွေးနိမ့်ကျပြီး ရောင်း၍မကုန်ပဲ ပိုလျှံနေသော ကုန်စည်များအား လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက် စာချုပ်လက်မှတ် ရေးထိုးထားသည့် ကုန်သွယ်ဖက်နိုင်ငံများမှတစ်ဆင့် ဝင်ရောက်လာမှုကို စစ် ဆေးနိုင်ရေးအမြင်ဖြင့် ချမှတ်ထားခြင်းဖြစ်ကြောင်း၊ လက်ရှိကာလတွင် အိန္ဒိယ နိုင်ငံသည် ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် FTA စာချုပ်များရေးထိုးထားကြောင်း၊ လုပ်ထုံးလုပ်နည်းအသစ်များသည် ပြည် တွင်းနှင့် ပြည်ပရှိ စီးပွားရေးလုပ်ငန်းများအတွက် အခွန်သက်သာမှုအခွင့်အရေး ဖြင့် ကုန်စည်များ တင်သွင်းရာတွင် လုပ်ငန်းစဉ်များအား ရှင်းလင်းတိကျစွာ သိမြင်စေပြီး FTA ရေးထိုးထားသည့်နိုင်ငံများမှတစ်ဆင့် ကုန်ပစ္စည်းများတင်ပို့ လျက် ၎င်းအခွင့်အရေးရယူရန် ကြိုးပမ်းသည့် လွဲမှားသော ကုန်သွယ်မှုအလေ့ အထများကို စစ်ဆေးနိုင်မည်ဖြစ်သည်ဟု ပညာရှင်များက သုံးသပ်ပြောဆိုကြ ကြောင်း စသည်ဖြင့် အိန္ဒိယအခြေစိုက် Economic Times သတင်းဌာနက ဖော် ပြပါသည်။

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ ပင်ရင်းနိုင်ငံစည်း မျဉ်းများဆိုင်ရာ လုပ်ထုံးလုပ်နည်းအသစ်များသည် ၂၁.၉.၂၀၂၀ နေ့မှစတင်၍ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Govt frames norms for enforcement of 'rules of origin' for imports under FTAs, 23 Aug 2020, Economic Times

                   2. Notification No. 81/2020 - Customs (N.T.) dated 21st August 2020 of Ministry of Finance of India

Category: International News