International News

ဒူဘိုင်းကုန်သည်ကြီးများအသင်းက မလေးရှားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ ကုန်သွယ်ရေးမစ်ရှင်တစ်ရပ် စတင်စေလွှတ်ဆောင်ရွက်

Last Updated:

နိုဝင်ဘာလ ၂၄ ရက်မှ ၂၈ ရက်အထိ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ ယူအေအီးနိုင်ငံမှ ကုမ္ပဏီကိုယ်စားလှယ်များနှင့် စွန့်ဦးတီထွင်သူ များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့နှင့်အတူ ကုန်သွယ်မှုမြှင့်တင်ရေးရေးမစ်ရှင်တစ်ခုကို ဒူဘိုင်းကုန်သည်ကြီးများအသင်းက စတင်စေလွှတ်ဆောင်ရွက်ခဲ့ပါသည်။

ကုန်သွယ်မှုမြှင့်တင်ရေးရေးမစ်ရှင်၏အစီအစဉ်တွင် စီးပွားရေးကုန်သွယ်မှု၊ မိတ်ဖက်အခွင့်အလမ်းများကို စူးစမ်းလေ့လာရန်နှင့် အရှေ့တောင်အာရှရှိ ဒူဘိုင်းအခြေစိုက်စီးပွားရေးလုပ်ငန်းများ၏ ပြည်ပတိုးချဲ့မှုကို ပံ့ပိုးနိုင်ရန် ရည်ရွယ်ထားရှိပါသည်။

အဆိုပါကိုယ်စားလှယ်အဖွဲ့ကို နှစ်နိုင်ငံစလုံးရှိ အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးအဖွဲ့အစည်းများနှင့် အဓိကကုမ္ပဏီများ စသည်တို့နှင့်ဆက်သွယ်ရေးလမ်းကြောင်းအသစ်များကို ဖွင့်လှစ်နိုင်ရန် ပုံစံထုတ်ထားခြင်းဖြစ်ပြီး ကိုယ်စားလှယ်များမှ ရေရှည်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမိတ်ဖက်များကို ထူထောင်ရန်အတွက် နှစ်နိုင်ငံစီးပွားရေးအစည်းအဝေးများတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

တရားဝင်အစည်းအဝေးများ၏ အထူးအစီအစဉ်တစ်ခုတွင် မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံများရှိ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်များကို ပြသသွားမည်ဖြစ်ပြီး ဒူဘိုင်းကုမ္ပဏီများအတွက် ဒေသတွင်းရုံးခွဲများကို တည်ထောင်ရန် အခွင့်အလမ်းများအား မီးမောင်းထိုးဖော်ပြသွားမည်ဖြစ်ကာ ပို့ကုန်နှင့် ပြန်လည်-တင်ပို့မှုများမှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။

ဒူဘိုင်းကုန်သည်ကြီးများအသင်းက ထိုကဲ့သို့သောမစ်ရှင်များသည် ယူအေအီးနိုင်ငံ၏စီးပွားရေးကဏ္ဍမှ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန်အတွက် မရှိမဖြစ်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ ၎င်းတို့သည် ယူအေအီးကုမ္ပဏီများအတွက် ထွန်းသစ်စဈေးကွက်များကို နားလည်သဘောပေါက်ရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ခြေရာခံနိုင်ရန်နှင့် သတင်းအချက်အလက်အပြည့်အစုံဖြင့် လုပ်ငန်းတိုးချဲ့မှုဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန်အတွက် လက်တွေ့ကျသော လမ်းကြောင်းတစ်ခုကို ပံ့ပိုးပေးထားကြောင်း အလေးပေးပြောကြားခဲ့ပါသည်။

ကွာလာလမ်ပူမြို့နှင့် ဘန်ကောက်မြို့အခြေစိုက် ယူအေအီးသံရုံးများ၊ မလေးရှားရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်စက်မှုလုပ်ငန်းဝန်ကြီးဌာနများ၊ မလေးရှားနိုင်ငံမှ အမျိုးသားကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းနှင့် ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီနှင့်ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်းအပါအဝင် ကမ္ဘောဒီးယားနိုင်ငံမှ အစိုးရအာဏာပိုင်များစသည်တို့နှင့်ပူးပေါင်း၍ စီစဉ်ကျင်းပသော အဆိုပါမစ်ရှင်သည် အလားအလာမြင့်မားသော အာရှဈေးကွက်များတွင် ယူအေအီးနိုင်ငံ၏တည်ရှိနေမှုအပေါ် အင်အားကောင်းစေရန် ဆောင်ရွက်သွားမည့် ဒူဘိုင်းကုန်သည်ကြီးများအသင်း၏ ကတိကဝတ်ကို ပေါ်လွင်စေခဲ့ပါသည်။

ဒေသခံအကျိုးတူ ပါဝင်ကြသူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းအားဖြင့် ဒူဘိုင်းကုန်သည်ကြီးများအသင်းသည် ဒူဘိုင်းကုမ္ပဏီများ၏ နိုင်ငံတကာခြေရာကို ချဲ့ထွင်ရန်၊ မတူညီသော စီးပွားရေးကဏ္ဍများကို စူးစမ်းလေ့လာရန်နှင့် အမျိုးသားစီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းအတွက် တိုးတက်မှုကိုမောင်းနှင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ် ကြောင်း သတင်းဖော်ပြထားပါသည်။

News Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News