Local News

အောက်တိုဘာလ ဒုတိယအပတ်အတွင်း မုံရွာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော သီးနှံပေါက်ဈေးနှုန်းများကျဆင်း

Last Updated:

       အောက်တိုဘာလ ဒုတိယအပတ်အတွင်း မုံရွာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော သီးနှံပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်း ၆၂၀၀၀ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်း ၆၂၅၀၀ကျပ်၊ 929 တစ်တင်း ၅၉၅၀၀ကျပ်၊ ထိုင်ဝမ်တစ်တင်း ၅၈၀၀၀ကျပ်၊ ပဲစဉ်းငုံတစ်တင်း ၆၂၀၀၀ကျပ်၊ မတ်ပဲတစ်တင်း ၅၉၀၀၀ကျပ်၊ ပဲတီစိမ်းကြီးတစ်တင်း ၄၆၀၀၀ကျပ်၊ ပဲကြီးတစ်တင်း ၇၅၀၀၀မှ၇၆၀၀၀ကျပ်၊ ပဲနီလုံးကြားတစ်တင်း ၄၈၀၀၀ကျပ်၊ ပြောင်းဖူးစေ့ CPတစ်တင်း ၁၇၂၀၀ကျပ်၊ ဆန်ပြောင်းဖြူတစ်တင်း ၁၈၅၀၀ကျပ်အသီးသီးပေါက်ဈေးရှိခဲ့ပါသည်။ ယခင်လ ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်း ၆၉၅၀၀ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်း ၇၁၀၀၀ကျပ်၊ 929 တစ်တင်း ၆၅၀၀၀ကျပ်၊ ထိုင်ဝမ်တစ်တင်း ၆၄၅၀၀ကျပ်၊ ပဲစဉ်းငုံတစ်တင်း ၆၅၀၀၀ကျပ်၊ မတ်ပဲတစ်တင်း ၆၄၀၀၀ကျပ်၊ ပဲတီစိမ်းကြီးတစ်တင်း ၅၃၀၀၀ကျပ်၊ ပဲကြီးတစ်တင်း ၈၂၀၀၀မှ၈၃၀၀၀ကျပ်၊ ပဲနီလုံးကြားတစ်တင်း ၅၆၀၀၀ကျပ်၊ ပြောင်းဖူးစေ့ CPတစ်တင်း ၁၇၅၀၀ကျပ်၊ ဆန်ပြောင်းဖြူတစ်တင်း ၁၈၀၀၀ကျပ်အသီးသီးထွက်ရှိခဲ့ရာ ကုလားပဲအုပ်စုတွင်တစ်တင်း ၆၅၀၀ကျပ်မှ ၈၅၀၀ကျပ်ခန့်ထိ၊ ပဲတီစိမ်း၊ ပဲကြီး၊ ပဲနီလုံးကြား၊ မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများမှာ တစ်တင်း ၅၀၀၀ကျပ်မှ ၈၀၀၀ကျပ်ထိကျဆင်းခဲ့ပြီး ပြောင်းဖူးစေ့ CPနှင့် ဆန်ပြောင်းဖြူ ပေါက်ဈေးနှုန်းမှာ အနည်းငယ်သာ ကျဆင်း လျှက်ရှိပါသည်။ 

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News