အောင်လံကုန်စည်ဒိုင်တွင် ပဲစဉ်းငုံနီနှင့်ကုလားပဲစျေးမြင့်တက်ကာ ပဲတီစိမ်းနှင့်ပဲကြီးစျေးကျ
ရက်စွဲ၊ ၂၈.၇.၂၀၂၂
အောင်လံကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်းကာလတူ (၂၁.၇.၂၀၂၂)ရက်နေ့စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက အရည်အသွေးနှင့် ဝယ်လိုအားကြောင့် ပဲစဉ်းငုံ(နီ)နှင့်ကုလားပဲ စျေးမြင့်တက်ကာ ပဲတီစိမ်းနှင့်ပဲကြီး စျေးကျလျှက်ရှိကြောင်း သိရှိရပါသည်။ ပဲစဉ်းငုံနီ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင်(၄၆၀ဝဝ)ကျပ်၊ ယခုတစ်ပတ်(၄၆၃ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၃ဝဝ)ကျပ်၊ ကုလားပဲ(HL) (၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၅၁၀ဝဝ)ကျပ် ယခုတစ်ပတ်တွင်(၅၁၅ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၅ဝဝ)ကျပ်တို့စျေးတက်ကာ ပဲတီစိမ်း(၂၀)ပိဿာ (၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၄၈၀ဝဝ)ကျပ် ယခု တစ်ပတ်(၄၆၀ဝဝ) ကျပ်စျေးဖြစ်သည့်အတွက် (၂၀ဝဝ)ကျပ်၊ ပဲကြီး(၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၇၁၀ဝဝ)ကျပ် ယခုတစ်ပတ် (၇၀၀ဝဝ)ကျပ်စျေးဖြစ်သည့်အတွက် (၁၀ဝဝ)ကျပ်တို့ အသီးသီးစျေးကျပြီး ကျန်ပဲမျိုးစုံစျေးနှုန်းများ အပြောင်း အလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။
ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန