ဘရာဇီးနိုင်ငံ၊ ဆော်ပိုလိုမြို့အခြေစိုက် Sunamerica ကုမ္ပဏီသည် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ကားတာယာများကို ဝယ်ယူတင်သွင်းလိုပါကြောင်း ကမ်းလှမ်းလာသည်။ မြန်မာနိုင်ငံဈေး ကွက်အတွင်း ရရှိနိုင်မည့် ကားတာယာများ၊ အထူးသဖြင့် အချင်းဝက် ၁၃လက်မ၊ ၁၄ လက်မနှင့် ထရပ်ကားတာယာများကို ဝယ်ယူရန်စိတ်ဝင်စားကြောင်း ပြောကြားလာသည်။
အဆိုပါကုမ္ပဏီသည် The National Institute of Metrology Quality and Technology အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး သိရိလင်္ကာ၊ တရုတ်၊ ပါကစ္စတန်နိုင်ငံတို့မှ မော်တော်ဆိုင်ကယ် နှင့် စက်ဘီးတာယာများ ဝယ်ယူတင်သွင်းလျက်ရှိကြောင်း၊ မြန်မာနိုင်ငံရှိတာယာထုတ်လုပ်သည့် စက်ရုံများအနေဖြင့် ဘရာဇီးနိုင်ငံသို့ တာယာတင်ပို့လိုပါက ပူးပေါင်းဆောင်ရွက်နိုင်ပါကြောင်း အဆိုပြု ကမ်းလှမ်းလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ စိတ်ဝင်စားသည့် ကုမ္ပဏီများအနေဖြင့် တာယာများတင်ပို့ ရောင်းချလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇- ၃၄၀၈၆၂၃ သို့ ချိတ်ဆက်ဆောင်ရွက်နိုင်ပါသည်။
 
                     
                     
                         
                        