မတ်လဒုတိယပတ်တွင်မန္တလေးကုန်စည်ဒိုင်၌ နှမ်းမျိုးစုံအဝင်နည်းပြီး ပြည်ပနှင့်ပြည်တွင်းလုပ်ငန်းရှင်များအဝယ်နည်းခြင်းကြောင့်ဈေးငြိမ်ပြီးအရောင်းအဝယ်အေးနေကြောင်း သိရသည်။
နှမ်းနက် (စမုံ) ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၆၃၀၀၀၀ မှ ၇၇၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၆၄၀၀၀၀မှ ၇၆၅၀၀၀၊ ယခင်လ ကျပ် ၆၈၀၀၀၀ မှ ၇၆၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် အနိမ့်စ ၁၀၀၀၀ ကျပ်ခန့်ဈေးနိမ့်လာပြီး အမြင့်စ ၅၀၀၀ ကျပ်ခန့် ဈေးမြင့်လာကာ၊ ယခင်လထက် အမြင့်စ ၅၀၀၀၀ ကျပ် ဈေးနိမ့်လာပြီး အနိမ့်စ ၁၀၀၀၀ ကျပ် ဈေးမြင့်လာသည်။
နှမ်းဖြူ(ဂျပန်) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်နှင့် ယခင်တစ်ပတ်တွင် ကျပ် ၃၃၀၀၀၀ မှ ၃၄၀၀၀၀၊ ယခင်လ ကျပ် ၃၂၀၀၀၀ မှ ၃၃၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက် ၁၀၀၀၀ ကျပ် ခန့် ဈေးမြင့်လာသည်။
နှမ်းဖြူ(ဗမာ) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်နှင့် ယခင်တစ်ပတ် ကျပ် ၃၄၀၀၀၀မှ ၃၅၀၀၀၀၊ ယခင်လ ကျပ် ၃၃၅၀၀၀မှ ၃၄၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ခန့် ဈေးမြင့်လာသည်။
နှမ်ညို ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၅၀၀၀၀မှ ၃၃၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၂၀၀၀၀မှ ၃၄၀၀၀၀၊ ယခင်လ ကျပ် ၃၀၀၀၀၀မှ ၃၄၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ မှ ၃၀၀၀၀ ဈေးမြင့်တက်လာပြီး၊ ယခင်လထက် အမြင့်စ ၅၀၀၀၀ ကျပ် ဈေးမြင့်လာကာ အနိမ့်စ ၅၀၀၀ ကျပ်ခန့် ဈေးနိမ့်လာသည်။
ဆောင်းနှမ်း ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၅၀၀၀၀၀ မှ ၅၁၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၄၅၀၀၀၀မှ ၄၈၀၀၀၀၊ ယခင်လကျပ် ၄၇၀၀၀၀မှ ၄၉၀၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက် ကျပ် ၃၅၀၀၀မှ ၅၀၀၀၀၊ ယခင်လထက် ၂၅၀၀၀မှ ၃၀၀၀၀ ခန့် ဈေးမြင့်တက်လာ သည်။
ပန်းနှမ်း ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၀၀၀၀၀မှ ၃၀၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၇၈၀၀၀မှ ၂၈၀၀၀၀၊ ယခင်လ ၂၈၀၀၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၂၀၀၀မှ ၂၅၀၀၀၊ ယခင်လထက်ကျပ် ၂၀၀၀၀မှ ၂၅၀၀၀ ခန့်ဈေးမြင့်လာသည်။