မန္တလေးကုန်စည်ဒိုင်၌မတ်လဒုတိယပတ်တွင်ပဲယင်းအသစ်များဝင်ရောက်နေပြီးပဲခွဲစက်များနှင့်ရန်ကုန်ဝယ်လက်များမှဝယ်ယူမှုရှိနေသည့်အတွက်ဈေးမြင့်တက်လာပြီးအရောင်းအဝယ်ပုံမှန်ရှိနေကြောင်းသိရသည်။
ပဲယင်း(ကြီး) ၆၀ ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၃၅၀၀၀မှ ၂၄၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၂၅၀၀၀မှ ၂၃၀၀၀၀၊ ယခင်လကျပ် ၂၁၅၀၀၀မှ ၂၂၀၀၀၀ ဖြစ် သည်။ ယခင်တစ်ပတ်ထက် ၁၀၀၀၀ ကျပ်၊ ယခင်လထက် ၂၀၀၀၀ ကျပ်ခန့် ဈေးမြင့်တက်လာ သည်။
ပဲယင်း(သေး) ၆၀ ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ် ၂၃၀၀၀၀ ကျပ်၊ ယခင်တစ်ပတ်ကျပ် ၂၂၀၀၀၀မှ ၂၂၂၀၀၀၊ ယခင်လကျပ် ၂၀၀၀၀၀မှ ၂၀၃၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၈၀၀၀မှ ၁၀၀၀၀၊ ယခင်လထက် ကျပ် ၂၇၀၀၀ မှ ၃၀၀၀၀ခန့် ဈေးမြင့် တက်လာသည်။
ပဲယင်း(နီ) ၆၀ ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၄၃၀၀၀မှ ၂၅၀၀၀၀၊ ယခင်တစ်ပတ် ၂၄၀၀၀၀ ကျပ်၊ ယခင်လကျပ် ၂၁၀၀၀၀မှ ၂၁၃၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၀၀၀မှ ၁၀၀၀၀၊ ယခင်လထက် ကျပ် ၃၃၀၀၀မှ ၃၇၀၀၀ ခန့်ဈေး မြင့်တက်လာသည်။